အလုပ်တိုင်းကို ကိုယ်တိုင်လုပ်နေတာက ကြိုးစားမှုမဟုတ်တော့ဘူး။ Engineer to Entrepreneur | Episode #043 အစောပိုင်းဘဝကို ပြန်ကြည့်ရင် ကျွန်တော် ဝင်ငွေရဖို့ ကိုယ့်အချိန်ကို အသုံးပြုခဲ့ရတယ်။ QS လုပ်တုန်းကလည်း Drawing တစ်ရွက်ချင်းစီ ကြည့်တယ်။ Quantity တွက်တယ်။ BOQ လုပ်တယ်။ Structural Engineer ဖြစ်လာတော့ Model ကိုယ်တိုင်ဆောက်တယ်။ Analysis ကိုယ်တိုင်လုပ်တယ်။ Design ကိုယ်တိုင်စစ်တယ်။ Drawing တွေ ဆွဲတယ်။ သင်တန်းစသင်တော့လည်း ကိုယ်တိုင်သင်တယ်။ Note ကိုယ်တိုင်ပြင်တယ်။ Video ကိုယ်တိုင် Record လုပ်တယ်။ Freelance Project ရရင်လည်း ကိုယ်တိုင်လုပ်တယ်။ အဲဒီအချိန်မှာ အလုပ်ပိုလုပ်နိုင်လေ ဝင်ငွေပိုရလေ။ ဒီပုံစံက အလုပ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် Company တည်ထောင်ပြီးနောက်မှာတော့ ဒီနည်းအတိုင်း ဆက်သွားလို့မရတော့ဘူး။ တစ်နေ့မှာ ၂၄ နာရီပဲ ရှိတယ်။ ကိုယ်တိုင်လုပ်နိုင်တဲ့ Project အရေအတွက်မှာ အကန့်အသတ်ရှိတယ်။ ကိုယ်တိုင်သင်နိုင်တဲ့ အတန်းအရေအတွက်မှာလည်း အကန့်အသတ်ရှိတယ်။ ကိုယ်တိုင်တွေ့နိုင်တဲ့ Client အရေအတွက်မှာလည်း အကန့်အသတ်ရှိတယ်။ အဲဒီမှာ ပြဿနာတစ်ခု ပေါ်လာတယ်။ ကိုယ်ပိုလုပ်လေလေ Company က ကိုယ့်ကို ပိုမှီခိုလာလေလေ ဖြစ်နေတယ်။ အလုပ်တစ်ခု လုပ်ရခက်လာရင် ဆရာ့ကို မေးလိုက် Client နဲ့ အဆင်မပြေရင် ဆရာနဲ့ ပြောလိုက် ဆုံးဖြတ်ရခက်ရင်။ ဆရာလာမှ လုပ်မယ် အစပိုင်းမှာတော့ ကိုယ့်ကို လိုအပ်နေကြတာကို ကိုယ့်တန်ဖိုးလို့ ထင်မိတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မေးခွန်းတစ်ခု ပေါ်လာတယ်။ ကျွန်တော် တစ်ပတ်လောက် မရှိရင် ဒီ Company က ဘာဖြစ်မလဲ? အလုပ်တွေအကုန် ရပ်သွားမယ်ဆိုရင် ကျွန်တော် Company တစ်ခု တည်ဆောက်ထားတာလား။ ဒါမှမဟုတ် ကိုယ့်အတွက် အလုပ်တာဝန်တစ်ခုကို ပိုကြီးအောင်ဖန်တီးထားမိတာလား? ဒီမေးခွန်းက ကျွန်တော့်ကို တော်တော်စဉ်းစားစေခဲ့တယ်။ အဲဒီနောက်မှာ ကိုယ့်အချိန်ကို ကြည့်တဲ့အမြင် ပြောင်းလာတယ်။ ကိစ္စတစ်ခုခု ပေါ်လာတိုင်း ငါလုပ်နိုင်လား? လို့ မမေးတော့ဘူး။ လုပ်နိုင်တာပေါ့။ မေးရမယ့် မေးခွန်းက ဒါကို ငါကိုယ်တိုင် လုပ်ဖို့လိုသလား? ဖြစ်လာတယ်။ တစ်နာရီလောက်နဲ့ ကိုယ်တိုင်လုပ်ပြီးသွားနိုင်တဲ့အလုပ်တစ်ခုကို တခြားတစ်ယောက်ကို သင်ပေးရင် အစမှာ သုံးနာရီလောက် ကြာနိုင်တယ်။ အရင်ကဆို ကိုယ်လုပ်လိုက်တာ ပိုမြန်တယ် ဆိုပြီး ဝင်လုပ်လိုက်တယ်။ နောက်ပိုင်းတော့ အဲဒီသုံးနာရီကို သုံးလိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ သုံးနာရီပေးပြီး သင်ထားလိုက်ရင် နောက်တစ်ကြိမ်မှာ သူလုပ်နိုင်တယ်။ နောက်ဆယ်ကြိမ်မှာလည်း ကိုယ်ဝင်လုပ်စရာ မလိုတော့ဘူး။ အဲဒီအချိန်ကစပြီး ကျွန်တော့်အလုပ်က Task တွေ ပြီးအောင်လုပ်ဖို့ တစ်ခုတည်း မဟုတ်တော့ဘူး။ လူတွေ လုပ်တတ်အောင် သင်ပေးဖို့။ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်အောင် Information ပေးဖို့။ အလုပ်လုပ်နိုင်မယ့် Process ဖန်တီးပေးဖို့။ ပြီးတော့ ကိုယ်ပဲလုပ်နိုင်တဲ့ အလုပ်တွေအတွက် ကိုယ့်အချိန်ကို ချန်ထားဖို့။ Employee ဘဝမှာ ကိုယ်ဘယ်လောက်အလုပ်လုပ်နိုင်လဲ? က အရေးကြီးခဲ့တယ်။ Professional ဘဝမှာ ကိုယ်ဘယ်လောက်ကောင်းကောင်း လုပ်နိုင်လဲ? က အရေးကြီးခဲ့တယ်။ Founder ဘဝရောက်လာတော့ မေးခွန်းက ထပ်ပြောင်းသွားတယ်။ ကိုယ်မလုပ်ဘဲနဲ့တောင် အလုပ်တွေ ဘယ်လောက်ကောင်းကောင်း ဖြစ်လာအောင်တည်ဆောက်ပေးနိုင်လဲ? ဒါက ပျင်းလို့ အလုပ်မလုပ်တော့တာ မဟုတ်ဘူး။ ကိုယ့်အလုပ်ရဲ့ သဘောသဘာဝ ပြောင်းသွားတာပါ။ အရင်က ကျွန်တော်က အလုပ်ကို လုပ်တဲ့သူ။ နောက်ပိုင်းမှာတော့ အလုပ်ဖြစ်လာအောင် တည်ဆောက်ပေးတဲ့သူ ဖြစ်လာဖို့ သင်ယူခဲ့ရပါတယ်။ Engineer တစ်ယောက်အနေနဲ့ Structure တွေ Design လုပ်ခဲ့တယ်။ Entrepreneur ဖြစ်လာတော့ ကိုယ်အများကြီး မပါဝင်လည်း သူ့ဘာသာသူ ရပ်တည်နိုင်တဲ့ Structure တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ Tin Ko Ko (KSI Engineering) Ads မြို့ပြအင်ဂျင်နီယာ သင်တန်းများ https://ksi.civilengr.org - ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ http://deltabe.com/?page_id=1181 - အနာဂတ်အတွက် Wealth Building, Financial Freedom နဲ့ Passive Income တည်ဆောက်လိုသူများအတွက် Stock Investment & Financial Literacy သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အသေးစိတ်လေ့လာရန် https://deltabe.com/?page_id=1353 -
အလုပ်တိုင်းကို ကိုယ်တိုင်လုပ်နေတာက ကြိုးစားမှုမဟုတ်တော့ဘူး။ Engineer… — BTech Tin Ko Ko — TG.ME
August 28, 2026 1.3K 3