ပိုက်ဆံရှာတတ်တာထက် ပိုက်ဆံကို နေရာချတတ်ဖို့က ပိုခက်တယ် Engineer to… — BTech Tin Ko Ko — TG.ME

ပိုက်ဆံရှာတတ်တာထက် ပိုက်ဆံကို နေရာချတတ်ဖို့က ပိုခက်တယ် Engineer to Entrepreneur | Episode #042 လုပ်ငန်းစလုပ်ခါစတုန်းက ကျွန်တော့်အတွက် အဓိကမေးခွန်းက ပိုက်ဆံ ဘယ်လိုရှာမလဲ? ဆိုတာပဲ။ Project ပိုရအောင်လုပ်မယ်။ သင်တန်းသား ပိုရအောင်လုပ်မယ်။ Client အသစ်တွေ ရှာမယ်။ ဝင်ငွေတိုးအောင် ကြိုးစားမယ်။ ဒါပေမယ့် လုပ်ငန်းတွေ တဖြည်းဖြည်း တည်ငြိမ်လာပြီး ဝင်ငွေလည်း ရလာတဲ့အခါ နောက်ထပ် ပိုခက်တဲ့မေးခွန်းတစ်ခု ပေါ်လာတယ်။ ရလာတဲ့ပိုက်ဆံကို ဘယ်မှာထားမလဲ? လုပ်ငန်းထဲ ပြန်ထည့်မလား? ဝန်ထမ်းထပ်ခန့်မလား? Office ချဲ့မလား? Marketing ပိုသုံးမလား။ Equipment အသစ်ဝယ်မလား? လုပ်ငန်းအသစ်တစ်ခု စမလား? Cash အဖြစ်ပဲ ကိုင်ထားမလား? Investment တစ်ခုခုမှာ ထည့်မလား? အစပိုင်းမှာတော့ ပိုက်ဆံရှိလာရင် လုပ်ငန်းကို ပိုကြီးအောင် ပြန်ထည့်ရမယ်လို့ပဲ ထင်ခဲ့တယ်။ ဒါပေမယ့် Growth ဆိုတဲ့စကားတစ်လုံးကြောင့် ငွေသုံးတိုင်း Investment မဖြစ်ဘူး။ ဥပမာ Office ပိုကြီးသွားတာနဲ့ အမြတ်ပိုရမယ်လို့ မဆိုလိုဘူး။ ဝန်ထမ်းနှစ်ဆတိုးလိုက်တာနဲ့ Revenue နှစ်ဆတိုးမယ်လို့ မဆိုလိုဘူး။ Marketing Budget ပိုသုံးလိုက်တာနဲ့ Customer ကောင်းတွေ ပိုရမယ်လို့လည်း မသေချာဘူး။ အဲဒီမှာ ကျွန်တော် စဉ်းစားပုံတစ်ခု ပြောင်းလာတယ်။ ကုန်ကျစရိတ် ဘယ်လောက်လဲဆိုတာထက် ဒီငွေက ပြန်ပြီး ဘာလုပ်ပေးနိုင်မလဲ? ဆိုတာကို ပိုကြည့်လာတယ်။ သိန်း ၁၀၀ သုံးမယ်ဆိုပါစို့။ အရင်ကတော့ သိန်း ၁၀၀ တတ်နိုင်လား? လို့ စဉ်းစားတယ်။ နောက်ပိုင်းမှာတော့ ဒီသိန်း ၁၀၀ ထည့်လိုက်ရင် နောက်တစ်နှစ်မှာ ဘာပြန်ရမလဲ? လို့ မေးလာတယ်။ ငွေကြေး Return တစ်ခုတည်း မဟုတ်ဘူး။ အချိန် သက်သာလာမလား? Capacity တိုးလာမလား? Risk လျော့သွားမလား? Brand ပိုခိုင်မာလာမလား? ရေရှည်မှာ Revenue တိုးနိုင်မလား? ဒါတွေကိုပါ ထည့်စဉ်းစားလာတယ်။ Business Owner တစ်ယောက်ရဲ့ အလုပ်က ပိုက်ဆံရှာပေးနေရုံ မဟုတ်ဘူး။ ရလာတဲ့ Capital ကို ဘယ်နေရာမှာထားရင် အကောင်းဆုံးအလုပ်လုပ်ပေးနိုင်မလဲ ဆိုတာ ဆုံးဖြတ်ပေးရတာလည်း သူ့အလုပ်ပဲ။ ဒီအမြင်ရလာတဲ့နောက် လုပ်ငန်းတစ်ခုချင်းစီကိုလည်း သီးခြားကြည့်လာတယ်။ တစ်ခုက Capital အများကြီးစားပေမယ့် Return နည်းနေနိုင်တယ်။ တစ်ခုက သေးသေးလေးဖြစ်ပေမယ့် Capital နည်းနည်းနဲ့ Return ကောင်းနေနိုင်တယ်။ တစ်ခုက အခုချက်ချင်း အမြတ်မများပေမယ့် နောင်အတွက် အရေးကြီးတဲ့ Asset ဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘယ်လုပ်ငန်းက ပိုကြီးလဲ? ဆိုတာထက် ဘယ်လုပ်ငန်းက ထည့်ထားတဲ့ Resource ကို အကောင်းဆုံးအသုံးချနိုင်လဲ? ဆိုတာကို ပိုစိတ်ဝင်စားလာတယ်။ Engineer ဘဝမှာ Structure တစ်ခု Design လုပ်တဲ့အခါ Rebar များများထည့်တာကို ကောင်းတဲ့ Design လို့ မခေါ်ဘူး။ လိုအပ်တဲ့ Safety ကို ရအောင်လုပ်ပြီး Material ကို သင့်တင့်အောင် အသုံးချနိုင်မှ Efficient Design ဖြစ်တယ်။ Business မှာလည်း အတူတူပဲ။ Capital များများသုံးနိုင်တာက တော်တဲ့ Business Owner ဖြစ်တာမဟုတ်ဘူး။ Capital နည်းနည်းနဲ့ တန်ဖိုးပိုများအောင် ဖန်တီးနိုင်ဖို့က ပိုအရေးကြီးတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော် Business တွေကို Revenue တစ်ခုတည်းနဲ့ မတိုင်းတော့ဘူး။ Capital ထည့်ထားတာနဲ့ ပြန်ရလာတဲ့ Result ကို ယှဉ်ကြည့်တတ်လာတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံရှာနိုင်တာက Skill တစ်ခုပါ။ ဒါပေမယ့် ရှာထားတဲ့ပိုက်ဆံကို ဘယ်နေရာမှာ အလုပ်လုပ်ခိုင်းမလဲဆိုတာက နောက်ထပ် Skill တစ်ခုပါ။ အဲဒီ Skill ကို Capital Allocation လို့ ခေါ်ပါတယ်။ Tin Ko Ko (KSI Engineering) Ads မြို့ပြအင်ဂျင်နီယာ သင်တန်းများ https://ksi.civilengr.org - ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ http://deltabe.com/?page_id=1181 - အနာဂတ်အတွက် Wealth Building, Financial Freedom နဲ့ Passive Income တည်ဆောက်လိုသူများအတွက် Stock Investment & Financial Literacy သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အသေးစိတ်လေ့လာရန် https://deltabe.com/?page_id=1353 -

August 27, 2026 1.3K