လုပ်ငန်းကြီးချင်ရင် System နဲ့ လုပ်နိုင်ရမယ်။ Engineer to Entrepreneur | Episode #041 Company စလုပ်ခါစမှာ အလုပ်တော်တော်များများကို လူနဲ့ပဲ မှတ်ထားခဲ့ကြတယ်။ ဒီ Client က ဘာလိုချင်လဲဆိုတာ ကျွန်တော်သိတယ်။ ဒီ Project က ဘယ်အဆင့်ရောက်နေလဲဆိုတာ တာဝန်ယူထားတဲ့ Engineer တစ်ယောက်က သိတယ်။ ဘယ်သူ့ဆီက Payment ရဖို့ရှိလဲဆိုတာ Finance Team က မှတ်ထားတယ်။ ဘယ် Drawing ကို ဘယ်နေ့အပြီးလုပ်ရမလဲဆိုတာလည်းကိုယ်စီ ခေါင်းထဲမှာ မှတ်ထားကြတယ်။ လူနည်းတဲ့အချိန်မှာတော့ ဒီနည်းက အလုပ်ဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မေးလိုက်ရင် သိတယ်။ ကိုယ်တိုင်ဝင်ကြည့်လိုက်ရင်လည်း ရတယ်။ ဒါပေမယ့် Project တွေ များလာတဲ့အခါ ပြဿနာတွေ စလာတယ်။ တစ်ယောက် အလုပ်မလာရင် သူကိုင်ထားတဲ့အလုပ် ဘယ်အဆင့်ရောက်နေလဲ မသိတော့ဘူး။ File တစ်ခုလိုချင်ရင် ဘယ် Folder ထဲမှာလဲ လိုက်ရှာရတယ်။ Client က ဖုန်းဆက်ပြီး မေးလာရင် ခဏလေး ပြန်စစ်ပြီး ပြောပါမယ် ဆိုတာတွေ များလာတယ်။ တချို့အလုပ်တွေက လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ပေါ်မှာပဲ မှီခိုနေတယ်။ အဲဒီမှာ ကျွန်တော် သတိထားမိလာတယ်။ ပြဿနာက လူတွေ အလုပ်မလုပ်တာ မဟုတ်ဘူး။ အလုပ်လုပ်ပုံကို System မတည်ဆောက်ထားတာ။ အဲဒီကနေ အလုပ်တစ်ခု ဝင်လာရင် ဘယ်သူလက်ခံမလဲ? ဘယ်သူ့ကို Assign လုပ်မလဲ? Deadline ဘယ်နေ့လဲ။ ဘယ်အဆင့်မှာ ဘယ်သူစစ်မလဲ? Client ကို ဘယ်အချိန် Update ပေးမလဲ? File တွေကို ဘယ်လိုသိမ်းမလဲ? Payment ဘယ်လောက်ရပြီး ဘယ်လောက်ကျန်သေးလဲ? တစ်ခုချင်းစီကို စနစ်တကျလုပ်ဖို့ စဉ်းစားလာတယ်။ Checklist တွေ ဖြစ်လာတယ်။ File Naming System တွေ ဖြစ်လာတယ်။ Project Tracking တွေ ဖြစ်လာတယ်။ Standard Drawing တွေ၊ Template တွေ၊ လုပ်ထုံးလုပ်နည်းတွေ တဖြည်းဖြည်း ဖြစ်လာတယ်။ အစပိုင်းမှာတော့ ဒီလိုလုပ်ရတာ အလုပ်ပိုရှုပ်သလို ခံစားရတယ်။ လုပ်စရာရှိတာ လုပ်လိုက်ရင်ပြီးတာပဲ၊ ဘာလို့ ဒီလောက် စနစ်တွေ လုပ်နေရတာလဲ? လို့တောင် တွေးမိတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အကျိုးရှိတာကို စမြင်လာတယ်။ လူအသစ်ဝင်လာရင် အစကနေ အကုန်ပြန်ရှင်းစရာ နည်းလာတယ်။ လူတစ်ယောက်မရှိလည်း Project က ရပ်မသွားတော့ဘူး။ အမှားတစ်ခုဖြစ်လာရင် ဘယ်သူမှားတာလဲ? ဆိုတာထက် ဘယ်အဆင့်မှာ System က နဲ့ လွဲသွားတာလဲ? ဆိုတာကို ပြန်ကြည့်လာတယ်။ အဲဒီအမြင်က ကျွန်တော့်အတွက် အရေးကြီးခဲ့တယ်။ ဘာလို့လဲဆိုတော့ လူကိုပဲ အပြစ်တင်နေရင် နောက်လူတစ်ယောက်နဲ့လည်း အဲဒီအမှား ပြန်ဖြစ်နိုင်တယ်။ System ကို ပြင်လိုက်နိုင်ရင်တော့ အမှားတစ်ခါက နောက်တစ်ခါအတွက် ကာကွယ်မှုတစ်ခု ဖြစ်လာနိုင်တယ်။ Structural Engineering မှာ Building တစ်လုံးကို လူတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ပဲ မဆောက်ဘူး။ Drawing ရှိတယ်။ Specification ရှိတယ်။ Design Standard ရှိတယ်။ Inspection ရှိတယ်။ Quality Control ရှိတယ်။ Business လည်း အတူတူပဲ။ Company တစ်ခု ကြီးလာဖို့ လူတော်တွေရှိရုံနဲ့ မလုံလောက်ဘူး။ လူတော်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်မယ့် System ကောင်းတစ်ခုပါ ရှိဖို့လိုတယ်။ အရင်က ကျွန်တော်မရှိရင် အလုပ်ဖြစ်အောင် ဘယ်သူလုပ်ပေးမလဲလို့ စဉ်းစားခဲ့တယ်။ နောက်ပိုင်းမှာတော့ မေးခွန်းက ပြောင်းသွားတယ်။ ဘယ်သူလုပ်လုပ် အလုပ်ကောင်းကောင်း ထွက်နိုင်အောင်ဘာ System တည်ဆောက်ထားရမလဲ? Company တစ်ခု တည်ဆောက်တယ်ဆိုတာ Office တစ်ခု တည်ဆောက်တာ မဟုတ်ဘူး။ လူတွေ စုထားတာလည်း မဟုတ်ဘူး။ ကိုယ်မရှိတဲ့အချိန်မှာတောင် မှန်မှန်ကန်ကန် ဆက်လည်ပတ်နိုင်တဲ့ System တစ်ခုတည်ဆောက်ခြင်းပါ။ Tin Ko Ko (KSI Engineering) Ads မြို့ပြအင်ဂျင်နီယာ သင်တန်းများ https://ksi.civilengr.org - ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ http://deltabe.com/?page_id=1181 - အနာဂတ်အတွက် Wealth Building, Financial Freedom နဲ့ Passive Income တည်ဆောက်လိုသူများအတွက် Stock Investment & Financial Literacy သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အသေးစိတ်လေ့လာရန် https://deltabe.com/?page_id=1353 -
လုပ်ငန်းကြီးချင်ရင် System နဲ့ လုပ်နိုင်ရမယ်။ Engineer to… — BTech Tin Ko Ko — TG.ME
August 26, 2026 1.3K 1