ကိုယ်ထက်တော်တဲ့လူတွေနဲ့ အလုပ်လုပ်ရဲရမယ်။ Engineer to Entrepreneur | Episode #039 Company စလုပ်ခါစတုန်းက ကျွန်တော်မှာ အကျင့်တစ်ခုရှိတယ်။ အရာအားလုံးကို သိချင်တယ်။ Engineering ကိစ္စဆိုလည်း သိချင်တယ်။ Client ကိစ္စဆိုလည်း ဝင်ပြောချင်တယ်။ စာရွက်စာတမ်းဆို လည်းစစ်ချင်တယ်။ အလုပ်တစ်ခုခု မှားမှာစိုးရင် နောက်ဆုံး ကိုယ်တိုင် ဝင်လုပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်လုပ်လိုက်ရင် မြန်တယ်။ ကိုယ်လုပ်လိုက်ရင် ကိုယ်လိုချင်တဲ့ပုံစံ ရတယ်။ အဲဒီအချိန်မှာတော့ ဒါကို တာဝန်ယူမှု လို့ ထင်ခဲ့တယ်။ ဒါပေမယ့် Company က တဖြည်းဖြည်း ကြီးလာတော့ မဖြစ်နိုင်တော့ဘူး။ Accounting ကို Accountant ထက် ပိုသိဖို့ မဖြစ်နိုင်ဘူး။ Marketing ကို Marketing သမားထက် အကုန်ပိုသိဖို့ မဖြစ်နိုင်ဘူး။ IT ကိစ္စတိုင်းကို IT သမားထက် ပိုကျွမ်းကျင်ဖို့ မဖြစ်နိုင်ဘူး။ Engineering ထဲမှာတောင် ကိုယ်မကျွမ်းကျင်တဲ့ Specialty တွေ အများကြီး ရှိသေးတယ်။ အဲဒီမှာမှ ဒီအလုပ်ကို ငါဘယ်လိုလုပ်မလဲ? ဆိုတာကနေ ဒီအလုပ်ကို ငါ့ထက်ကောင်းကောင်းလုပ်နိုင်တဲ့သူ ဘယ်သူရှိလဲ? လို့ စဉ်းစားလာတယ်။ ဒီအမြင်ပြောင်းဖို့က ထင်သလောက် မလွယ်ခဲ့ဘူး။ ကိုယ်တည်ထောင်ထားတဲ့ Company ဖြစ်တော့ ကိုယ်က အားလုံးကိုသိရမယ်။ ကိုယ်က အတော်ဆုံးဖြစ်ရမယ်။ ကိုယ်က အဖြေအားလုံး ပေးနိုင်ရမယ်လို့ ထင်မိတတ်တယ်။ တကယ်တော့ အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ထက်တော်တဲ့လူတစ်ယောက် Team ထဲရောက်လာတာက ကိုယ့်နေရာကို လာယူတာ မဟုတ်ဘူး။ ကိုယ်တစ်ယောက်တည်းနဲ့ မရောက်နိုင်တဲ့နေရာကို Company ကို ခေါ်သွားပေးနိုင်တာ။ ဒါကို နားလည်လာတဲ့နောက် ကိုယ်မသိတာကို မသိဘူးလို့ ပြောရတာ မရှက်တော့ဘူး။ မသိရင် မေးတယ်။ ကိုယ်ထက်တော်တဲ့သူရှိရင် နားထောင်တယ်။ သူ့အပိုင်းမှာ သူ့ကို ဆုံးဖြတ်ခွင့် ပေးတတ်လာတယ်။ Leadership ဆိုတာ အခန်းထဲမှာ အတော်ဆုံးလူဖြစ်နေရတာ မဟုတ်ဘူး။ ကိုယ်မတော်တဲ့အပိုင်းတွေမှာ ကိုယ့်ထက်တော်တဲ့လူတွေကို ရှာနိုင်ဖို့ သူတို့လုပ်နိုင်အောင် နေရာပေးနိုင်ဖို့… ပြီးတော့ လူတော်တွေ အတူတူ အလုပ်လုပ်နိုင်တဲ့ Direction တစ်ခု ပေးနိုင်ဖို့ပါ။ Structural Engineering မှာလည်း Building တစ်လုံးကို Column တစ်တိုင်တည်းက ထမ်းထားတာ မဟုတ်ဘူး။ Member တစ်ခုချင်းစီမှာ သူ့တာဝန်နဲ့သူ ရှိတယ်။ Company တစ်ခုလည်း အတူတူပါပဲ။ Founder တစ်ယောက်တည်း အားကောင်းနေတာထက် Team တစ်ခုလုံး အားကောင်းလာတာက ပိုအရေးကြီးတယ်။ အရင် ကိုယ်မရှိရင် အလုပ်မဖြစ်မှာကို ကိုယ့်တန်ဖိုးလို့ ထင်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာတော့ အမြင်က ပြောင်းသွားတယ်။ ကိုယ်မရှိတဲ့အချိန်မှာတောင် အလုပ်တွေ ကောင်းကောင်းဆက်လည်ပတ်နိုင်တာကမှ တကယ်တည်ဆောက်နိုင်တာပါ။ Engineer ဘဝမှာ ကျွန်တော် Structure တွေ ခိုင်မာအောင် Design လုပ်ခဲ့တယ်။ Entrepreneur ဖြစ်လာတော့ ကိုယ့်အပေါ် တစ်ခုတည်း မှီခိုမနေတဲ့ Team တစ်ခုကို တည်ဆောက်တတ်ဖို့ သင်ယူခဲ့ရပါတယ်။ Tin Ko Ko (KSI Engineering) Ads မြို့ပြအင်ဂျင်နီယာ သင်တန်းများ https://ksi.civilengr.org - ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ http://deltabe.com/?page_id=1181 - အနာဂတ်အတွက် Wealth Building, Financial Freedom နဲ့ Passive Income တည်ဆောက်လိုသူများအတွက် Stock Investment & Financial Literacy သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အသေးစိတ်လေ့လာရန် https://deltabe.com/?page_id=1353 -
ကိုယ်ထက်တော်တဲ့လူတွေနဲ့ အလုပ်လုပ်ရဲရမယ်။ Engineer to Entrepreneur |… — BTech Tin Ko Ko — TG.ME
August 24, 2026 1.6K 1