Safe ဖြစ်တယ် လို့ ပြောလိုက်ရုံနဲ့ မပြီးဘူး။ Engineer to Entrepreneur… — BTech Tin Ko Ko — TG.ME

Safe ဖြစ်တယ် လို့ ပြောလိုက်ရုံနဲ့ မပြီးဘူး။ Engineer to Entrepreneur | Episode #036 တစ်ခါက Client တစ်ယောက် ကျွန်တော့်ဆီ Structural Design တစ်ခု ယူလာတယ်။ အဲဒီ Design ကို တခြားမှာ အရင်လုပ်ထားပြီးသားပါ။ အဆင်မပြေတာတချို့ရှိလို့ ကျွန်တော့်ဆီ ရောက်လာတာ။ Client ကတော့ ရှင်းပါတယ်။ ဆရာ ဒီ Structure က Safe ဖြစ်၊ မဖြစ် စစ်ပေးပါ။ ဒါနဲ့ Calculation တွေ ပြန်စစ်တယ်။ Member Size တွေ ကြည့်တယ်။ Reinforcement တွေ ပြန်စစ်တယ်။ စစ်ကြည့်တော့ Safe ဖြစ်ပါတယ်။ Safe ဖြစ်ရုံတင်မဟုတ်ဘူး။ တချို့ Member Size တွေက လိုအပ်တာထက် ကြီးနေတယ်။ Rebar တွေလည်း လိုအပ်တာထက် များနေတယ်။ တစ်နည်းပြောရရင် Safety ဘက်ကကြည့်ရင် ပြဿနာမရှိဘူး။ Economy ဘက်ကကြည့်ရင်တော့ ပြန်စဉ်းစားစရာရှိနေတယ်။ အဲဒီအချိန်မှာ ကျွန်တော့်အတွက် အလွယ်ဆုံးအဖြေတစ်ခု ရှိတယ်။ စစ်ပြီးပြီ။ Safe ဖြစ်ပါတယ်။ ဒီအတိုင်း ဆောက်လို့ရပါတယ်။ လို့ ပြောလိုက်ရုံပဲ။ Client ကလည်း Safe ဖြစ်၊ မဖြစ်ပဲ စစ်ခိုင်းထားတာ။ ဒီလိုပြောလိုက်ရင် ကိုယ့်အလုပ်လည်း ပြီးပြီ။ Drawing ပြန်ဆွဲစရာ မလိုဘူး။ Rebar Detailing တွေ ပြန်လုပ်စရာ မလိုဘူး။ အချိန်လည်း ထပ်မကုန်တော့ဘူး။ ဒါပေမယ့် ကိုယ်သိနေတဲ့အရာတစ်ခုကို မပြောဘဲနေလို့ ရမလားဆိုတာ စဉ်းစားမိတယ်။ Structure တစ်ခုက Safe ဖြစ်ဖို့ လိုတာမှန်တယ်။ ဒါပေမယ့် Client ရဲ့ ငွေကို မလိုအပ်ဘဲ Structure ထဲ ထည့်ပစ်နေရတာမျိုးကိုလည်း Engineer တစ်ယောက်အနေနဲ့ သိသိကြီးနဲ့ မပြောဘဲ မနေချင်ဘူး။ နောက်ဆုံးတော့ Client ကို အခြေအနေအတိုင်း ပြောပြလိုက်တယ်။ Safety ဘက်ကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် Member Size နဲ့ Reinforcement တချို့က လိုအပ်တာထက် များနေပါတယ်။ ပြန်စီမံရင် ပိုပြီး Economical ဖြစ်နိုင်ပါတယ်။ အဲဒီစကားပြောပြီးတဲ့နောက်… ကိုယ့်အလုပ်က မပြီးတော့ဘူး။ Design ကို ပြန်ကြည့်ရတယ်။ Rebar Detailing တွေ ပြန်လုပ်ရတယ်။ Drawing တွေ ပြန်ဆွဲပေးရတယ်။ အချိန်ပိုကုန်တယ်။ အလုပ်ပိုရှုပ်တယ်။ အဲဒီ Project မှာ ငွေကြေးအရ အမြတ်အများကြီးလည်း မကျန်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် နောက်ပိုင်းအထိ မှတ်ထားမိတဲ့ သင်ခန်းစာတစ်ခု ရခဲ့တယ်။ Professional တစ်ယောက်ရဲ့ တာဝန်က Client မေးတဲ့မေးခွန်းကိုပဲ ဖြေပေးဖို့ မဟုတ်ဘူး။ ကိုယ်မြင်နေတဲ့ Risk နဲ့ မလိုအပ်တဲ့ Waste ကိုပါ အမှန်အတိုင်း ပြောပေးရဲဖို့ လိုတယ်။ Structural Design ကလည်း Safe ဖြစ်ရုံနဲ့ မပြီးဘူး။ Safety ကို မလျှော့ဘဲ အသုံးပြုမယ့် Material နဲ့ Cost ကို သင့်တင့်အောင် စီမံနိုင်ဖို့လည်း လိုတယ်။ Business လုပ်လာတဲ့အခါမှာတော့ ဒီအတွေ့အကြုံက နောက်ထပ်အရာတစ်ခု သင်ပေးခဲ့တယ်။ တစ်ခါတလေ ကိုယ့်အမြတ်နည်းသွားမယ့် အမှန်တရားကို ပြောပေးနိုင်တာက နောက်ထပ်အမြတ်တစ်ခုထက် ပိုတန်ဖိုးရှိတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံက Project တစ်ခု ပြီးရင် ကုန်သွားနိုင်တယ်။ ယုံကြည်မှုကတော့ နောက် Project တွေအထိ ကိုယ့်နောက်ကို လိုက်လာနိုင်လို့ပါ။ Tin Ko Ko (KSI Engineering) Ads မြို့ပြအင်ဂျင်နီယာ သင်တန်းများ https://ksi.civilengr.org - ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ http://deltabe.com/?page_id=1181 - အနာဂတ်အတွက် Wealth Building, Financial Freedom နဲ့ Passive Income တည်ဆောက်လိုသူများအတွက် Stock Investment & Financial Literacy သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အသေးစိတ်လေ့လာရန် https://deltabe.com/?page_id=1353 -

August 20, 2026 1.6K 1