နှစ်ခါပြန်မရတဲ့ အပျိုစင်ဘဝလေးကိုတန်ဖိုးထားပါ
Date: 26-11-2018
နှစ်ခါ ပြန်မရတဲ့ အပျိုစင်ဘဝ လေးကို တန်ဖိုးထားပါ
တဏှာရမက်နဲ့ ကြည့်ရင် မင်းခန္ဓာကိုယ်ဟာ ကလေးမွေးလို့ ရတာမှန်တယ် မေတ္တာစစ်စစ်နဲ့ ကြည့် ရင်မင်း အရွယ် မရောက်သေးဘူး..။
အချစ် စစ်စစ်နဲ့သာ ကြည့်အိမ်ထောင်မှု တာဝန် ဆိုတာကိုမင်း ဘာမှ မသိသေးဘူး..။
ဟို ကောင်မလေး ။ မင်းကို ချစ်လို့ ပြောတာ နော်ရိုင်းသွားရှင် ခွင့်လွှတ် ၊ကိုယ်က စာပေသမားဆို တော့ စာရေးပြီး ပြောတာ ပိုသဘောကျတယ်..။
ဒါက မင်းကို ချစ်တဲ့ ငါ့ရဲ့အမြင်မင်းအမေကို မေးကြည့်ပါ့လား လား ဒီတစ်သက်မင်း အရွယ်ရောက်လာ မှာတောင် မဟုတ်ဘူးသူငယ်ချင်း`မောင်နှမ` ချစ်သူ’ထက်သူတို့ရဲ့ချစ်ချင်းမေတ္တာက ပိုကြီးနေပြန် တယ်..။
မင်းကပျားပုတုန်းလေးတွေ ပြန်ဝဲလာတာကို တစ်နေရာရာကနေအရသာခံ ကြည့်တတ်နေပြီလားဒါ ဆိုမင်း ရည်းစား ထားချင်နေတာ သေချာပြီ..။
ရည်းစား ထားချင်ယုံလောက်က ကိစ္စမရှိဘူး ရည်းစားရရင် ပြဿနာ သူတို့ဆန္ဒ မလိုက်လျှောပြန် ရင်မင်း ငါ့ကို တကယ် မချစ်ပါဘူးကွာ...လို့
တော်ကီ တစ်ပေါက်နဲ့ ကိုင်ပေါက်သူတို့ လိုခြင် တာကို ရအောင် တောင်းတာ..၊သူ ငါ့ကို တကယ်ချစ် တာ နေမှာပါ...လို့လိုက်လျှောမိပြန်ရင်လည်းဘာ တန်ဖိုးမှ မရှိအောင် ဘဝပျက်ပြီ..။
အဲ့ဒီ အရှက်က တစ်ရှက်ထဲ မဟုတ်ဘူးမင်း ယုံကြည်လို့ပေးလိုက်မိတဲ့ ကောင်လေးနဲ့ ဆက်စပ် သမျှ.…. အပေါင်းအသင်း သူငယ်ချင် အားလုံးဆီကို အဲ့ဒီသတင်း ရောက်တယ် ၊
အဲ့မှာ ဒီကလေးမက ဒီလိုလား ... ဖြစ်သွား တယ်..။အခွင့်ရေး ယူချင်တဲ့ ယောက်ျားကအခွင့်ရေး ပေးမယ့် သားကောင်ကိုပဲ ရှာတယ်ဒါတွေ မင်း တို့ မသိ ပါဘူး မြွေ မြွေချင်းမှ ခြေမြင်တာ..၊
ဆိုလိုတာကရည်းစား ထားခြင်းရဲ့နောက်ကွယ် မှာပြဿနာ ပေါင်းစုံး ရှိတယ်ဘဝ ပျက်ကိန်း ရှိ တယ် တန်ဖိုးမဲ့သွားတတ်တယ် ပညာရေး တစ်ပိုင်းတစ်ဆနဲ့ မင်းရဲ့ဘဝဟာမြောင်းထဲ ရောက်သွားနိုင်တယ်..။
နှစ်ခါမရတဲ့ အပျိုစင်ဘဝကို ဘဝကို ထိုးကြွေးမိရင် တော့ သူများက တန်ဖိုးထားဖို့ မပြောနဲ့ကိုယ့်ကိုယ်ကို ရော တန်ဖိုးထားသေးရဲ့လားအရင် မေးလိုက်ပါ..။
မမြင်သင့်တာကို မမြင်အောင် ဖုံးဖိထားရတယ် ကာကွယ်ထားရတယ် ဘာဖြစ်လို့လဲ မမေးနဲ့တန်ဖိုးရှိ အောင်လို့..
ဥပမာ ပေးပါဆို" အိမ်သာ “ ကိုပဲကြည့် တက်ပြီး သွားရင် ဘယ်သူမှ ပြန်လှည့် မကြည့်ချင်ဘူး ဘာလို့လဲ သူတို့ကိစ္စ ပြီးသွားလို့..၊
အဲဒီ အတိုင်းပဲ လူဆိုတာမမြင်ဖူးတာကို မြင်ချင် တာမြင်ပြီးရင် ဘာမှ မဟုတ်တော့ ၊ မစားဖူးတာကို စား ချင်တာ တစ်ခါပြင် ဟင်းတောင် စားလို့ ၀`ရင် မ ကောင်းဘူး ပြောချင်တယ်..။
“ ဝက်သား “ဘယ်လောက်ကြိုက်ပါတယ် ပြော ပြောဒီဟင်း တစ်မျိုးထည်း နေတိုင်း ချက်ကြွေး ၊ကြာ တော့ မြင်တာနဲ့ကို အီ လည်လည်ကြီးစားချင်စိတ် တောင် ပျောက်တယ်..။
အဲ့ တော့ချစ်သူ ရည်းစားဖြစ်လည်းမပေးသင့် တာကို မပေးနဲ့မကြွေးသင့်တာကို မကြွေးနဲ့..၊
ပေးမိ လို့ အဖော်ပါရင် တော်သေးသူတို့က ကိစ္စ ပြီးတာ နဲ့ပေါ့ပေါ့ပါးပါ့ လှည့်ပြန်သွားမှာမင်းသာ နောက်ဆက်တွဲ ပြဿနာတွေနဲ့ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ
မပေးရင် သူ ငါ့ ကို ထားခဲ့မှာလား.. လို့ငပိန်း …. မ ဖြစ်စေနဲ့ပေး မိလိုက်မှ စောက်ရှက်ကွဲ ထားခဲ့မှာ..၊
သူတို့က မျော့လိုပဲလိုချင်တာ မရမချင်း တွယ်ကပ်နေတာဝ` သွားရင် ခွာချ စရာ မလိုဘူးသူ့ အလိုလို ကွာကြတာ သဘောပေါက် ။ တဏှာရမက်နဲ့ ကြည့်ရင်မင်း ခန္ဓာကိုယ် ဟာကလေး မွေးလို့ ရတာ မှန် တယ်
မေတ္တာစစ်စစ်နဲ့ ကြည့်ရင်မင်း အရွယ် မရောက် သေးဘူး..။
စည်သူစိုး(ဘိုကလေး)၂၆.၁၁.၂၀၁၈
106
104
14
6
4
2November 26, 2023 18.6K 66