"ကိုကိုကြောင့် ဟုတ်လား" "ကျွန်မတောင်းပန်ပါတယ် ကျွန်မနဲ့အဝေးဆုံးကိုထွက်သွားပေးပါ တောင်းပန်ပါတယ် ရှင့်ကိုမြင်ရတာ နေလိုမီးလိုပူလောင်လွန်းလို့ပါ " "တော်ပါတော့ တော်ပါတော့ကလေးရယ် ကိုကိုသိပါပီ ကလေးစိတ်တိုင်းကျဖြစ်စေရပါမယ် ပြန်တော့ကလေး ပြန်ပါတော့" လင်းသုတ မျက်ရည်မကျမိအောင်ထိန်းရင်းရှင်မင်းခကိုပြန်ခိုင်းလိုက်သည် ကလေးရယ် ကိုကိုကြောင့်မင်းစိတ်မဆင်းရဲစေရပါဘူး စိတ်ချပါ မင်းမမြင်ချင်တဲ့ကိုကိုမျက်နှာကို မင်းမမြင်စေရပါဘူး မမြင်စေရပါဘူးကလေးရယ်...... မြေပေါ်ဒူးထောက်လျက်လေးထိုင်ချလိုက်ရင်း မျက်ဝန်းအိမ်ကမျက်ရည်စတွေ မြေကြီးပေါ်ကျသွားလေ၏ အဲ့လိုနဲ့ လင်းသုတ သူ့ဦးလေးရှိတဲ့မန္တလေးမှာသွားနေလေသည် မတွေ့တာ သုံးလတောင်ရှိသွားပီကို ကလေးလေးစိတ်ချမ်းသာနေမှာပါလေ 📲🎼မင်းအားမနာပါနဲ့ ဝမ်းနည်းပီးမငိုနဲ့ နင်စိတ်ရှုပ်မခံပါနဲ့ ငါ့ကြောင့်မင်းကိုလည်း ငါ့ကိုမြင်နေရရင်စိတ်ပင်ပန်းမယ် အလိုက်သတိနဲ့ငါဘေးထွက်သွားပါမယ်..🎼🎼🎼ဖုန်းဝင်လာလေသည် "တီမေပဲ ဘာကိစ္စရှိလို့လဲမသိဘူး ဟယ်လို တီမေ ပြော...ဗျာ ရှင်မင်းပျောက်နေလို့ ဟုတ် ကျွန်တော်အခုပဲပြန်လာခဲ့မယ် ဟုတ် " ကလေးရယ် ကိုကိုစိတ်ပူလိုက်တာကွာ ဘယ်တွေသွားနေတာလဲ..... ကားကိုအရှိန်တင်ကာမောင်းနေလေသည် ဘာမှဂရုမစိုက်နိုင် ရှင်မင်းလောက်ဘယ်အရာမှအရေးမကြီး အရှိန်ပြင်းပြင်းနဲ့မောင်းသောကြောင့် "တီမေ ဘယ်လိုဖြစ်ရတာလဲ ရှင်မင်းရော ဘယ်လိုပျောက်သွားတာလဲ" "မသိပါဘူးသားရယ် မနက်က သူ့သူငယ်ချင်းတွေနဲ့ဘုရားသွားမယ်ပြောပြီးထွက်သွားတာ အခုထိပြန်မလာသေးလို့ဖုန်းဆက်ကြည့်တော့ ဖုန်းကလည်းစက်ပိတ်ထားတယ် သူ့သူငယ်ချင်းတွေကိုမေးတော့လည်း ပြန်သွားတာကြာပီတဲ့ သားရယ် အန်တီသမီးကိုရှာပေးပါအုန်းကွယ် " "စိတ်ချပါ သိပ်လည်းစိတ်မပူပါနဲ့ ရှင်မင်းကိုရအောင်ရှာပေးမှာပါ " !တီ တီ တီ!!!!! "ဟယ်လို " "ကိုကို ကိုကိုကယ်ပါအုန်း ရှင်မင်းကိုကယ်ပါအုန်း"" "ရှင်မင်း ကလေးဘယ်မှာလဲ " "မသိဘူးကိုကို ရှင်မင်းကြောက်တယ် ကယ်ပါအုန်းကိုကိုရယ် " "ရှင်မင်း ကိုကိုပြောတာနားထောင် အဲ့အနီးအနားမှာဘာရှိလဲ ကိုကိုပြော မကြောက်နဲ့ " "မှောင်နေတာကိုကိုရဲ့ အဆောက်အဦးတခုပဲ ဂိုဒေါင်လိုလို စက်ရုံလိုလို အဲ့ထဲမှာကိုကို " "ဟုတ်ပီ ကိုကိုလာခဲ့မယ် ကလေးမကြောက်နဲ့ ကိုကိုလာပီးခေါ်မယ် ခနစောင့်နေနော်" "သား သမီး ဘယ်မှာလည်းတဲ့ " "အဆောက်အဦးတခုတဲ့ ကျွန်တော်သိတယ် အဲ့ကိုကျွန်တော်လိုက်သွားမယ် မေမေတို့က ရဲကိုခေါ်ပြီးကျွန်တော်နောက်လိုက်ခဲ့" "ဖြစ်ပါ့မလား " "ဖြစ်ပါတယ် " "သတိထားနော်သား" "စိတ်ချပါ " လင်းသုတ ရှင်မင်းခကိုဖမ်းထားတဲ့ထိုအဆောက်အဦးသို့ ပြေးလာခဲ့သည် "ကလေး မကြောက်နဲ့ကိုကိုလာပီ ကလေးကိုဘာမှမဖြစ်စေရဘူး ကိုကိုအသက်နဲ့ကာကွယ်မယ် "" ••\•••••••••••••••••••••••••• "ကိုကို လာပါတော့ ရှင်မင်းကြောက်လှပီ" လူတစုရှင်မင်းနေတဲ့အခန်းထဲသို့ ရောက်လာခဲ့သည် ဟင် ဘုန်းမြတ် "ဘုန်းမြတ် နင်" "သိပ်ဟုတ် နင့်ချစ်သူဘုန်းမြတ်လေ " "နင် ငါ့ကိုဖမ်းလာတာနင်ပေါ့" "ဟုတ်တယ် " "ဘာလို့ ငါ့ကိုဖမ်းလာတာလဲ ငါကနင့်ချစ်သူနော်" "သိချင်လား ဘာလို့ဆို နင့်ကိုတဖက်နိုင်ငံကိုရောင်းစားဖို့ " "ဘာ နင် တော်တော်ယုတ်မာတဲ့ကောင်ပဲ ခွေးလောက်အဆင့်မရှိတဲ့ကောင်" "ဟားဟား အဲ့အဆင့်မရှိတဲ့ကောင် ယုတ်မာတဲ့ကောင်ကိုနင်ချစ်ခဲ့တာမဟုတ်ဘူးလား" "တောက်စ် လူပါးဝလို့ ကိုကိုပြောတာမှန်နေတာပဲ " "နှမြောတော့နှမြောစရာပဲ "ရှင်မင်းခပါးကိုနမ်းဖို့လုပ်တော့ ရှင်မင်းခရှောင်လိုက်သည် ပြီးတော့ !ထွီ!! "ငါ့အသားလာမထိနဲ့ ရွံလို့" "နင်ကများ ငါ့ကိုတံတွေးနဲ့ထွေးတယ်" !ဖြောင်းးဖြောင်းးဖြောင်းး!!!! ရှင်မင်းခပါးကိုဘယ်ပြန်ညာပြန်ရိုက်လေသည် ရှင်မင်းခပါးစပ်မှသွေးတွေထွက်လာသည် ရှင်မင်းခဆံပင်ကိုဆွဲပီး "နင့်လိုကောင်မက ငါ့ကိုတံတွေးနဲ့ထွေးတယ် သေသွားမယ် နင့်ကိုသတ်ပြစ်လိုက်လို့ရတယ် " "သတ်လိုက်စမ်းပါ သတ်လေ " "ငါ """" !ဝုန်းး!!! "ရပ်လိုက်စမ်းဘုန်းမြတ် " "ကိုကို " "ကျွတ် ဇယားကလာရှုပ်နေပြန်ပီ အဲ့ကောင်ကိုငရဲပြည်ပို့ပေးလိုက်စမ်း" "ကိုကို " "မကြောက်နဲ့ရှင်မင်း ကိုကိုရှိတယ်" ဘုန်းမြတ်မင်းရဲ့လူတွေနဲ့ လင်းသုတ တပွဲတလမ်းနွှဲနေကြသည် "ဒီမှာ လင်းသုတ" "ကိုကို" "ဘာလုပ်တာလဲ လွှတ်လိုက်စမ်း " ရှင်းမင်းခလည်ပင်းကိုဓားနဲ့ထောက်ထားလေသည် "ဘုန်းမြတ် လွှတ်လိုက်ပါ ငါတောင်းပန်တယ် " "နှစ်ခုထဲက တခုရွေး မင်းအသက်ကိုအသေခံမလား သူ့အသက်ကိုမင်းကယ်မလား"
အချစ်ဝထ္ထုတိုများနှင့် အလွမ်းအဆွေးကဗျာများ: post #44 — TG.ME
November 8, 2023 3.7K 8