Hana : The Sweet Orophile: post #39690

သိုင်းလောက စွန့်စားခန်းများ (၂၀၂၆)

သိုင်းကားစစ်စစ် ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ၂၀၂၆ ခုနှစ်ရဲ့ အသစ်စက်စက် သိုင်းရုပ်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဆုန့်မင်းဆက်ခေတ်မှာ စစ်သူကြီး ယွဲ့ဖေး လုပ်ကြံခံရပြီးနောက် ချင်ဟွေ့ ဟာ နန်းတော်ကို လက်ဝါးကြီးအုပ် ထိန်းချုပ်ထားပြီး တိုင်းပြည်အတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို နှိမ်နင်းဖို့ ထီချီဆိုတဲ့ အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းကာ လိုက်လံချေမှုန်းနေပါတယ်။ အဲဒီအချိန်မှာပဲ ကျင်းတိုင်းပြည်ရဲ့ သံတမန်အပါအဝင် လူပေါင်း ၄၀ ကျော် သတ်ဖြတ်ခံရတဲ့ ချီးလီဖူအမှုတစ်ခု ဖြစ်ပွားလာခဲ့ပါတယ်။ ချီးလီဖူအမှုရဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ရှန်ဖန့် ဟာ သိုင်းလောကမှာ သူရဲကောင်းကြီးတစ်ယောက်အဖြစ် နာမည်ကျော်လာပြီး ထီချီတပ်ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပါတော့တယ်။ ထီချီတပ်ရဲ့ ဒုတပ်မှူး ယွမ်ဟန်ထင် က သူ့တပည့်တွေကို စေလွှတ်ပြီး ရှန်ဖန့် ကို ဖမ်းဆီးခိုင်းလိုက်တဲ့အခါမှာတော့ ရှန်ဖန့် ဟာ တကယ်တမ်းကျတော့ ကြက်တစ်ကောင်တောင် မသတ်နိုင်တဲ့ ပညာရှိအရာရှိလေးတစ်ယောက်သာ ဖြစ်နေပြီး ချီးလီဖူအမှုကို ကျူးလွန်သူဟာ ကုလားအုတ်စီးလာတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ကြောင်း ထွက်ဆိုလာပါတယ်။ ဒီအမှုရဲ့ နောက်ကွယ်မှာ ငွေသားပေါင်း ၂ သိန်း ၈ သောင်း ပါဝင်နေတာကြောင့် အစိုးရလက်အောက်ခံ ထီချီအဖွဲ့အပြင် သိုင်းလောကက သိုင်းပညာရှင်ပေါင်းစုံပါ အဲဒီငွေနောက်ကို လိုက်လာကြတဲ့အခါ သွေးစွန်းတဲ့တိုက်ပွဲကြီးတစ်ခုနဲ့အတူ လျှို့ဝှက်နက်နဲတဲ့ ကြိုတင်ကြံစည်မှုကြီးတစ်ခု စတင်ပေါ်ပေါက်လာပါတော့တယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/744