နှလုံးလှ လူမိုက် (၂၀၁၀)
IMDb - 6.8/10
Genre - Drama, Comedy
ဆယ်ဂျင်းဟာ နယ်မြို့လေးတစ်မြို့မှာ နေထိုင်ပြီး အဲ့မြို့က တက္ကသိုလ်ကနေပဲ ဘွဲ့ရထားသူဖြစ်ပါတယ်။ ဆိုးလ်ကို သွားပြီး အလုပ်လုပ်လိုတဲ့ဆန္ဒကြောင့် ဖခင် တားမြစ်သော်လည်း ဆိုးလ်ကို သွာလာပြီး Company တစ်ခုမှာ အလုပ်ဝင်ကာ အလုပ်ကိုင်သစ်၊ ချစ်သူအသစ်နဲ့ အရာအားလုံးအဆင်ပြေနေချိန်မှာပဲ သူမအလုပ်လုပ်တဲ့ Company ဒေဝါလီခံသွားကာ သူမလည်း အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပါတယ်။ ထို့အပြင် ချစ်သူနဲ့လည်း လမ်းခွဲခဲ့ရပြီး ဈေးသက်သက်သာသာ တိုက်ခန်းတစ်ခန်းကို ပြောင်းငှားနေရသွားရာ၌ လူမိုက် အိုဒုံချောနဲ့ တွေ့ဆုံမှုဖြစ်လာပါတယ်။ အစပိုင်းမှာ လူမိုက်တစ်ယောက်နဲ့ အခန်းကပ်ရပ် မနေနိုင်လို့ အိမ်ပြောင်းဖို့ ဆုံးဖြတ်ခဲ့သော်လည်းနောက်ပိုင်းမှာတော့ စိတ်ရင်းကောင်းတဲ့ အိုဒုံချောကို ခင်မင်သွားပြီး သူမအလုပ်သစ်ရှာဖို့အတွက်လည်း အိုဒုံချောက အကူအညီပေးခဲ့ပါတယ်။ ထိုကဲ့သို့စိတ်ရင်းကောင်းတဲ့ လူမိုက်ကြီး အိုဒုံချောနဲ့ ဆယ်ဂျင်း တို့ ဘယ်လို ဆက်ဖြစ်မလဲ၊ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
t.me/msubmovie0/10483

1October 29, 2026 406 1