ပင်လယ်အောက်က အသက်လုပွဲ (၂၀၂၅) အိုရီရွန် လို့ အမည်ရတဲ့… — Hana : The Sweet Orophile — TG.ME

ပင်လယ်အောက်က အသက်လုပွဲ (၂၀၂၅)

အိုရီရွန် လို့ အမည်ရတဲ့ စမ်းသပ်ရေငုပ်သင်္ဘောရဲ့ ပိုင်ရှင် မားကတ်စ်ဂရေ့ဗ်၊ သူ့သား ဒါဗစ်၊ ဆိုရှယ်မီဒီယာဆယ်လီ ဂျက်ဆန်ရက်စ် နဲ့ တိုက်တန်းနစ်ဝါသနာအိုး အာလေဟို တို့ လေးဦးဟာ အတ္တလန္တိတ်သမုဒ္ဒရာအောက်ခြေမှာ ရှိတဲ့ အာအမ်အက်စ်. တိုက်တန်းနစ်သင်္ဘောပျက်ကြီးဆီကို လေ့လာရေးခရီးစဉ်အဖြစ် ထွက်ခွာလာခဲ့ကြပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ရေငုပ်သင်္ဘော စက်ချို့ယွင်းသွားပြီး ပင်လယ်အောက်ခြေမှာ ပိတ်မိသွားတဲ့အခါ အခြေအနေတွေဟာ ကပ်ဘေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အောက်ဆီဂျင်ပမာဏ တဖြည်းဖြည်း လျော့နည်းလာတာနဲ့အမျှ သူတို့ရဲ့ ရှင်သန်နိုင်မယ့်အချိန်ကို ပြောင်းပြန်ရေတွက်နေသလို အသက်ရှူကျပ်စရာ စိတ်ဖိစီးမှုတွေ မြင့်တက်လာပါတော့တယ်။ ရေအောက်မီတာထောင်ပေါင်းများစွာရဲ့ အေးစက်မှု၊ သင်္ဘောကိုယ်ထည်ကို ခေါက်ပြီး အကူအညီတောင်းခံနေရတဲ့ အသံတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန် အပြစ်ဖို့နေကြရင်း ပင်လယ်ရေအောက်က သံကိုယ်ထည်ကျဉ်းကျဉ်းလေးထဲမှာ အသက်ရှင်ကျန်ရစ်ဖို့ အချိန်နဲ့အပြိုင် ရုန်းကန်ကြရပါတော့တယ်။ ဒီဇာတ်ကားဟာ ၂၀၂၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်တန် ရေငုပ်သင်္ဘောဖြစ်ရပ်ဆိုးကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ နေရာကျဉ်းကျဉ်းလေးထဲမှာ လူတွေရဲ့ ရှင်သန်လိုစိတ်၊ အားငယ်လက်လျှော့ချင်စိတ်တို့ကြားက ပဋိပက္ခတွေနဲ့ စိတ်ခံစားမှုအတက်အကျတွေကို အတူလိုက်ပါစီးမျောရင်း ကိုယ်တိုင်ပါ မွန်းကျပ်လာစေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/2567751525/1841
October 11, 2026 398 3