ဒန်က ဖုန်းနဲ့ အကြွေးတောင်းတဲ့ ငြီးငွေ့ဖွယ်ဘဝမှာ နိစ္စဓူဝ ဖြတ်သန်းနေရတဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် သူအမြဲလျှော်နေကျ လမ်းထိပ်က အဝတ်လျှော်ဆိုင်ထဲမှာ ငရဲပြည်ကိုသွားတဲ့ ဂိတ်တံခါးပေါက်တစ်ခုကို တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့ ရိုးရှင်းတဲ့ဘဝဟာ ဗြောင်းဆန်ဖို့ ဖြစ်လာပါတော့တယ်။ တစ်နေ့တော့ အဲ့ဒီတံခါးပေါက်ထဲက မိစ္ဆာတစ်ကောင် ထွက်လာပြီး သူနဲ့ မိတ်ဖွဲ့စကားပြောဖြစ်ကြပါတယ်။ အဲ့ဒီမိစ္ဆာ ထွက်လာတဲ့အကြောင်းရင်းဟာ သူ့အိမ်နီးချင်းဖြစ်သလို သူနဲ့လည်း ခင်မင်နေတဲ့ မစ္စတာဘော့ဘ်ရှန့်ခ်ဆိုတဲ့ အဘိုးကြီးကို ငရဲခေါ်သွားဖို့ဆိုတာ သိလိုက်ရချိန်မှာတော့ ကူညီချင်တဲ့စိတ်နဲ့ မိစ္ဆာနဲ့ အပေးအယူတစ်ခု လုပ်ခဲ့မိပါတယ်။ အဲ့ဒီစာချုပ်အရတော့ မစ္စတာဘော့ဘ်ရှန့်ခ်ကိုယ်စား ဝိညာဉ်သုံးခုကို ငရဲတွင်းထဲ ပို့ပေးရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ သူဟာ မစ္စတာဘော့ဘ်ရှန့်ခ်ကို ကယ်တင်ဖို့ သူ့ပတ်ဝန်းကျင်က လူဆိုးလူယုတ်မာလို့ အထင်ရောက်တဲ့သူတွေကို ငရဲတွင်းထဲ ပို့ဖို့ ကြိုးစားရပါတော့တယ်။ ဒါပေမယ့် လူဆိုးလူကောင်းဆိုတာ သူဘယ်လိုခွဲခြားမလဲ။ သူ့အထင်နဲ့ ဆုံးဖြတ်လိုက်လို့ လူကောင်းတစ်ယောက် အချောင်ငရဲရောက်ရမယ်ဆိုရင် အကျိုးဆက်တွေကို သူဘယ်လိုရင်ဆိုင်မလဲ။ စိတ်ဝင်စားစရာ အတွေးအခေါ်အယူအဆတွေကို စိတ်ဝင်စားစရာကောင်းပြီး ထူးခြားတဲ့ ဇာတ်ကြောင်းနဲ့ တင်ဆက်ထားတဲ့ ဟာသဟော်ရာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်

