နားစည်တွေ ကွဲကုန်မယ် (၂၀၂၄) ၁၈၆၀ ပြည့်လွန်နှစ်တွေရဲ့… — Hana : The Sweet Orophile — TG.ME

နားစည်တွေ ကွဲကုန်မယ် (၂၀၂၄)

၁၈၆၀ ပြည့်လွန်နှစ်တွေရဲ့ အမေရိကန်နောက်ပိုင်း တောအုပ်ကြီးတစ်ခုအတွင်းမှာ သင်းအုပ်ဆရာ အက်ဇီကယ်၊ ဇနီး ဆာရာ နဲ့ သားသမီးတွေဖြစ်တဲ့ အဘီဂေးလ် နဲ့ လုခ် တို့မိသားစုဟာ ဘုရားကျောင်းသစ် ဆောက်လုပ်ဖို့ ခရီးထွက်လာရင်း လမ်းမှားသောင်တင်သွားခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ အက်ဇီကယ် က တောအုပ်ထဲက ကောင်းကင်တမန်ဆန်ဆန် ထူးဆန်းတဲ့အသံတစ်ခုကို ကြားမိရာက ဘုရားသခင်ရဲ့ အသံတော်လို့ ယူဆပြီး ကြားရာကို လိုက်သွားခဲ့ပါတယ်။ ကျယ်လောင်လွန်းလှတဲ့ အသံလှိုင်းကြောင့် နားစည်ပေါက်ပြီး နားပင်းသွားခဲ့ပေမယ့် အက်ဇီကယ် ကတော့ အဲ့ဒါဟာ ဘုရားသခင်ရဲ့ စမ်းသပ်မှုပါပဲလို့ စွဲလန်းယုံကြည်နေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ မျက်မမြင်ဖြစ်တဲ့ လုခ် အမြင်အာရုံတွေ ပြန်ရလာတာမျိုး၊ အဘီဂေးလ် လက်မှာ ထူးဆန်းတဲ့ မီးလောင်ဒဏ်ရာတွေ ရလာပြီး ပြန်ပျောက်သွားတာမျိုး စသဖြင့် အံ့ဖွယ်အမှုလို့ ယုံကြည်စရာဖြစ်ရပ်ဆန်းတွေ ဆက်တိုက်ကြုံပြီးတဲ့နောက်မှာ အက်ဇီကယ် ဟာ သူ့ကိုယ်သူ နောက်လာမယ့် ပရောဖက်တစ်ယောက်ပဲလို့ အခိုင်အမာယုံကြည်လာချိန်မှာတော့။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/418
October 2, 2026 330 1