ဥပဒေအထက်က လူများ (၂၀၂၆) ဥပဒေဆိုတာ လူတိုင်းအတွက် တန်းတူဖြစ်သင့်ပေမယ့်… — Hana : The Sweet Orophile — TG.ME

ဥပဒေအထက်က လူများ (၂၀၂၆)

ဥပဒေဆိုတာ လူတိုင်းအတွက် တန်းတူဖြစ်သင့်ပေမယ့် မူးယစ်မှောင်ခိုဂိုဏ်းတွေ အာဏာကြီးစိုးနေတဲ့ နန်အောက်မြို့မှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ငွေနဲ့အာဏာရှိသူတွေက ဥပဒေကိုတောင် လက်ထဲမှာကိုင်ထားနိုင်တဲ့အခြေအနေမှာ ရဲအရာရှိ ကျန့်ယိ ကတော့ မတရားမှုတွေကို မျက်စိမှိတ်မနေဘဲ အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ ချောင်ရှန်းထန် ရဲ့ မူးယစ်မှောင်ခိုလုပ်ငန်းကို စုံစမ်းရင်း ကျန့်ယိ ဟာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြားထဲ ရောက်လာပါတယ်။ သူ့အစ်ကိုနဲ့ ဆရာဖြစ်သူတို့ရဲ့ သေဆုံးမှုတွေကလည်း မတော်တဆမှုသက်သက် ဟုတ်ရဲ့လားဆိုတဲ့ သံသယတွေ ပေါ်လာခဲ့ပြီး အထက်အရာရှိတွေကိုယ်တိုင် ဂိုဏ်းသားတွေကို ကြောက်ရွံ့နေရတဲ့အခြေအနေမှာ ကျန့်ယိ တစ်ယောက်တည်းက ဘယ်လောက်ထိ ရင်ဆိုင်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ အဲဒီအချိန်မှာပဲ သူ့အနီးအနားက လူတွေပါ မူးယစ်ဆေးနဲ့ အကြမ်းဖက်မှုတွေရဲ့ သက်ရောက်မှုကို ခံစားလာရပြီး ကျန့်ယိ အတွက် ဒီအမှုဟာ ရဲအရာရှိတစ်ယောက်အနေနဲ့ ဖြေရှင်းရမယ့် အမှုတစ်ခုထက် ပိုကြီးမားလာပါတော့တယ်။ ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရင်း သူ့အသက်နဲ့ ချစ်ရသူတွေရဲ့အသက်ကိုပါ စွန့်စားရမယ့်အခြေအနေထိ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲရဲ့ နောက်ကွယ်မှာ ဘယ်သူက တကယ်အာဏာကိုင်ထားတာလဲ။ ကျန့်ယိ ရဲ့ ဆရာနဲ့အစ်ကိုတို့ ဘာကြောင့် သေဆုံးခဲ့ရတာလဲ။ နောက်ဆုံးမှာ သူက မတရားမှုတွေကို အနိုင်ယူနိုင်ပါ့မလား။ အမှောင်ဘက်ကနေ ဖိနှိပ်လာတဲ့အခါ အလင်းဘက်မှာ ရပ်တည်ဖို့ ဘယ်လောက်ထိ ပေးဆပ်ရမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/489
❤1
September 26, 2026 1.2K 1
ဥပဒေအထက်က လူများ (၂၀၂၆) ဥပဒေဆိုတာ လူတိုင်းအတွက် တန်းတူဖြစ်သင့်ပေမယ့်… — Hana : The Sweet Orophile — TG.ME