ဒီဇာတ်လမ်းလေးကတော့ 1980s ကာလအတွင်း ကနေဒါနိုင်ငံရဲ့ ဆင်းရဲတဲ့ တံငါသည်ရွာလေးအကြောင်း မှုခင်းကားတစ်ကားပဲ ဖြစ်ပါတယ်။ ဆိုးရွားတဲ့ မတော်တဆတစ်ခုကြောင့် နယ်ခံကျောက်မီးသွေးတွင်းကြီး ပိတ်လိုက်ရပြီးတဲ့နောက်မှာ မြို့သားတွေ အလုပ်ပြုတ်ကုန်ကြပြီး သူတို့မိသားစု စားဝတ်နေရေးအတွက် ပိုက်ဆံအသည်းအသန် လိုလာကြပါတယ်။ အသက်ရှင်သန်နိုင်ဖို့အတွက် နယ်ခံတံငါသည်တွေက သူတို့ရဲ့လှေတွေကိုသုံးပြီး ရာဇဝတ်သားတွေ တောင်အမေရိကကို ကိုကိန်းမှောင်ခို ရောင်းဝယ်နိုင်ဖို့အတွက် စပြီး ကူညီပေးလာကြပါတော့တယ်။ သူတို့တွေက မူးယစ်ဆေးတွေကို ရဲတွေဆီကနေ ဖွက်ဖို့အတွက် အခေါင်းတလားတွေထဲမှာ ထည့်ပြီး မသိအောင် နိုင်ငံအနှံ့ ကုန်ကူးကြပါတယ်။ အဲဒီထဲမှာ တွမ်မီ ဆိုတဲ့ မိသားစုရှိတဲ့ အမျိုးသားတစ်ယောက်ကလည်း မလွှဲသာလို့ ဒီဒုစရိုက်လုပ်ငန်းကြီးထဲမှာ ပါနေမိတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ရဲတွေနဲ့ အန္တရာယ်များတဲ့ ရာဇဝတ်သမားတွေ ထိပ်တိုက်တွေ့ခါလုနီးပါး ဖြစ်လာချိန်မှာတော့ နယ်ခံမြို့သားတွေက သူတို့အသက်လည်း ချမ်းသာပြီး ထောင်ကပါ လွတ်အောင် ကြိုးစားနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲ ဆက်ပြီး ကြည့်ရှုလို့ရပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်
