📢 ကြေညာချက် — “Sky” ၏ ကိုယ်ရေးကိုယ်တာဓာတ်ပုံများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းနှင့် မမှန်ကန်သော၊ အသရေဖျက်သော ပြောဆိုချက်များကြောင့် ထိခိုက်နစ်နာမှု ဖြစ်ပေါ်စေခြင်း
GMMTV Co., Ltd. မှ အများပြည်သူအား အသိပေးလိုသည်မှာ ကုမ္ပဏီအနေဖြင့် အဖွဲ့အစည်းအောက်ရှိ သရုပ်ဆောင် “Sky – Wongravee Nateetorn” ကိုယ်စား တရားဝင်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည့် ရှေ့နေအား အောက်ပါအမှု ၂ ခုနှင့်ပတ်သက်၍ ရာဇဝတ်မှုတိုင်ကြားရန် အာဏာအပ်နှင်းထားပါသည်။
၁။ X ပေါ်တွင် @JOYVYPIM အမည်ဖြင့် အသုံးပြုနေသူသည် သရုပ်ဆောင်၏ ကိုယ်ရေးကိုယ်တာဓာတ်ပုံများကို ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ဖြန့်ဝေခဲ့ပြီး မမှန်ကန်သော အကြောင်းအရာများကိုလည်း ရေးသားတင်ခဲ့ပါသည်။ ထိုလုပ်ရပ်ကြောင့် နားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်စေပြီး ထိခိုက်နစ်နာမှု ဖြစ်စေခဲ့ပါသည်။
၂။ X ပေါ်တွင် @DIRTONSKY အမည်ဖြင့် အသုံးပြုနေသူသည် ဓာတ်ပုံများကို ခွင့်ပြုချက်မရှိဘဲ ပြန်လည်အသုံးပြု၍ ပြင်ဆင်ကာ ဗီဒီယိုကလစ်အဖြစ် ပြုလုပ်ခဲ့ပြီး ထိခိုက်နစ်နာမှု ဖြစ်စေခဲ့ပါသည်။ ထို့အပြင် စော်ကားသော၊ အရှက်ရစေသောနှင့် အသရေဖျက်သော သဘောပါသည့် စာသားများကို တင်ခဲ့ပါသည်။ ထိုအရာများသည် အသရေဖျက်မှုအဖြစ် သတ်မှတ်နိုင်ပြီး သရုပ်ဆောင်၏ ဂုဏ်သိက္ခာနှင့် နာမည်ကောင်းကို ထိခိုက်စေကာ ထပ်မံ၍ နစ်နာမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။
ကုမ္ပဏီအနေဖြင့် သရုပ်ဆောင်၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် အထက်ဖော်ပြပါ လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေအရ အပြည့်အဝ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ထို့ကြောင့် အများပြည်သူအား သိရှိနိုင်ရန် အသိပေးအပ်ပါသည်။
GMMTV Co., Ltd.
3 September 2026
လန့်တာ GMMရယ်
#𝖠𝖺𝖴𝗂𝖾





