𝐒𝐤𝐲 𝐖𝐨𝐧𝐠𝐫𝐚𝐯𝐞𝐞 𝗧𝗜𝗞𝗧𝗢𝗞 🌟 Rome မှာ… — 𝖡𝖫 𝖮𝖼𝖾𝖺𝗇 | 𝐆𝐌𝐌𝐓𝐕 𝐒𝐭𝐚𝐫𝐥𝐲𝐦𝐩𝐢𝐜𝐬 — TG.ME

🎥𝐒𝐤𝐲 𝐖𝐨𝐧𝐠𝐫𝐚𝐯𝐞𝐞 𝗧𝗜𝗞𝗧𝗢𝗞 🌟

Rome မှာ အားတဲ့တစ်ရက်မှာလုပ်ခဲ့တဲ့အကြောင်း Sky ပြောပြ—

🩵 : ဟုတ်တယ်၊ အဲ့ဒီနေ့က ငါတို့ အားတဲ့နေ့တစ်နေ့ရှိတယ်။ ဘယ်ကိုသွားရမလဲဆိုတာလည်း သေချာမသိကြဘူး။ အစကတော့… အဲ့ဒီနေ့က ဘယ်နေ့ပါလိမ့်? Show ရှိတဲ့နေ့လား? အင်း၊ ဘာပဲဖြစ်ဖြစ် အဲ့ဒီနေ့မတိုင်ခင်ကတည်းက ငါတို့ ဘယ်ကိုသွားလို့ရမလဲဆိုတာ ကြိုရှာထားတယ်။

Map ဖွင့်ပြီး “အို… Rome အနားမှာ တခြားမြို့တွေများ ရှိသေးလား?” ဆိုပြီး ကြည့်လိုက်တာ။ Rome မြို့ထဲမှာတော့ တော်တော်များများ လျှောက်ပြီးသားဆိုတော့ မသွားရသေးတာဆိုလို့ Colosseum၊ Trevi Fountain နဲ့ ဘုရားကျောင်းတွေဘာတွေ လောက်ပဲ ကျန်တော့တာ။ ဒါကြောင့် တခြားဘာလုပ်လို့ရသေးလဲဆိုပြီး ရှာကြည့်နေတာ။

နောက်ဆုံးတော့ တစ်ယောက်ကို Colosseum သွားဖို့ လက်မှတ်ကြိုဘိုကင်လုပ်ပေးဖို့ ပြောထားရင်းနဲ့ တခြားနေရာတွေကိုလည်း ဆက်ရှာနေကြတယ်။ Google Maps ဖွင့်လိုက်တော့ “အို! Florence ရှိတယ်! ဒါက နီးနီးလေးပဲမဟုတ်လား!” ဆိုပြီး တွေ့သွားတာ။ အရမ်းတော့ မနီးဘူးပေါ့၊ ငါမှတ်မိသလောက်ဆို ရထားနဲ့ တစ်နာရီခွဲလောက်ပဲ။ အသွားအပြန်ဆို သုံးနာရီလောက်ပေါ့။

🩵 : အဲ့လိုဆို အဆင်ပြေမယ်ထင်တာပေါ့နော်။ ဒါပေမယ့် လူတွေကို မေးကြည့်တော့ အဲ့ဒီကို အသွားအပြန်လုပ်လိုက်ရင် မြို့ထဲလျှောက်ကြည့်ဖို့ အချိန်က နှစ်နာရီလောက်ပဲ ကျန်တော့မယ်တဲ့။ ဒါနဲ့ ငါက “ဒါဆို Colosseum ပဲ သွားလိုက်ပြီး ပြန်လာရင် Spa သွားရင်ရော?” လို့ စဉ်းစားလိုက်တယ်။

တကယ့် ရှေးရောမခေတ်က authentic Roman spa ပေါ့ ။ အဲ့ဒီနေ့ကိုလည်း သေချာအနားယူတဲ့နေ့တစ်နေ့အဖြစ် ဖြတ်သန်းလိုက်တာ ပိုကောင်းမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ပြန်ရောက်တာနဲ့ rehearsal တွေ၊ Fancon အတွက် ပြင်ဆင်တာတွေနဲ့ ချက်ချင်းပြန်အလုပ်များရတော့မှာလေ။ ဒါနဲ့ပဲ ဆုံးဖြတ်လိုက်ကြတယ်—မနက်ပိုင်း Colosseum သွားမယ်… ပြီးရင် Spa သွားမယ်ဆိုပြီး။

🩵 : အဲ့ဒီ Spa က တကယ်ကို ငါ့ကို အံ့ဩသွားစေတယ်! အမျိုးသား၊ အမျိုးသမီး အတူတူဝင်တဲ့ mixed type ပဲ။ အထဲက atmosphere ကလည်း ကျန်းမာရေးနဲ့ relaxation အတွက် therapeutic ဆန်ဆန်လေးပေါ့။

အေးတဲ့ရေကန်တွေ၊ ရေနွေးကန်တွေ၊ Sauna နဲ့… အမ်… Steam room လည်းရှိတယ်။ အဲ့ဒီအခန်းက အနံ့ကတော့… တကယ်ပြောတာ၊ တံခါးဖွင့်ပြီး ဝင်လိုက်တာနဲ့ “ဘုန်း!” ဆိုပြီး မျက်လုံးတွေ စပ်လာတာပဲ

တစ်ယောက်ယောက်က Green Balm ဖြစ်ဖြစ်၊ ဆေးဖက်ဝင်အဆီဖြစ်ဖြစ် ယူပြီး အခန်းတစ်ခန်းလုံးကို ဖြန်းထားသလိုပဲ။ ဝင်လိုက်တာနဲ့ အရမ်းစပ်လို့ ၁၀ မိနစ်လောက်ပဲ နေပြီး တခြား zone တွေကို တစ်ပတ်လှည့်သလို ဆက်သွားကြတယ်။

အဲ့ဒီမှာလည်း အခန်းတစ်ခန်းချင်းစီမှာ ဘယ်လောက်ကြာကြာ နေရမလဲဆိုတာ ဆိုင်းဘုတ်တွေတောင် ချိတ်ထားတယ်။ ဒါပေမယ့် ဘယ်အခန်းက ပထမ၊ ဘယ်အခန်းက ဒုတိယဆိုတာမျိုးကို ငါတို့က သိပ်နားမလည်ဘူး ဒါနဲ့ ကိုယ့်ဘာသာကိုယ် သင့်တော်မယ်ထင်တဲ့အတိုင်း တစ်ခန်းပြီးတစ်ခန်း ဆက်သွားကြတာ။

တကယ်တော့ အဲ့ဒီမှာ zone အမျိုးမျိုး အများကြီးရှိတယ်။ ခြေထောက်အတွက် zone လည်းရှိတယ်။ အရင်ဆုံး ခြေထောက်ကို ရေနွေးနွေးထဲစိမ်ပြီးမှ အေးတဲ့ရေပေါ်မှာ လမ်းလျှောက်ရတာ။ ငါဖတ်ဖူးတဲ့အတိုင်း ရှေးရောမခေတ်က သွေးလည်ပတ်မှုကောင်းအောင် လုပ်တဲ့နည်းလမ်းတစ်ခုလို့လည်း ရေးထားတယ်။

🩵 : ပြီးတော့ Sauna ထဲသွားတယ်။ အဲ့ဒီနောက် Steam room ထဲဝင်တယ်။ Sauna ကလည်း zone နှစ်ခုခွဲထားတယ်။ တစ်ခုက အရမ်းပူတယ်၊ နောက်တစ်ခုကတော့ အပူချိန် အတော်အသင့်ပဲ။

အရင်ဆုံး အရမ်းပူတဲ့နေရာကို ဝင်ပြီး၊ ပြီးတော့ အပူအသင့်အတင့်ရှိတဲ့နေရာကို ပြောင်းတယ်။ အဲ့ဒီနောက် အေးတဲ့ရေထဲ ဆင်းတယ်။ ပြီးတော့ Steam room ထဲ ပြန်ဝင်ပြီး နောက်တစ်ပတ် ထပ်လှည့်တယ်။ နောက်ဆုံးတော့ အေးတဲ့ရေနဲ့ပဲ အဆုံးသတ်လိုက်တယ်။

တော်တော်ပျော်ဖို့ကောင်းတယ်။ တကယ့်ကို အတွေ့အကြုံကောင်းတစ်ခုပါပဲ။ အဲ့ဒါပြီးတော့ Hotel ကိုပြန်လာတယ်။ Hotel မှာလည်း Massage ကြိုဘိုကင်လုပ်ထားပြီးသားရှိတယ်။ Rome Spa ကတော့ တခြားနေရာမှာ၊ Massage ကတော့ ငါတို့တည်းတဲ့ Hotel ထဲမှာပေါ့။

အဲ့ဒါက တကယ်ကို relax ဖြစ်သွားစေတယ်။ တကယ့်ကို အပြည့်အဝ အနားယူတဲ့နေ့တစ်နေ့ ဖြစ်သွားတာပဲ!

ပြီးတော့ နောက်ဆုံးမှာ ညီလေး လေးယောက်နဲ့ ညစာသွားစားကြတယ်—JoongDunk နဲ့ PondPhuwin တို့ပေါ့။ အဲ့လိုနဲ့ပဲ ငါတို့ရဲ့ ၄ ရက်မြောက်နေ့ က ပြီးဆုံးသွားတယ်။


#𝖠𝖺𝖴𝗂𝖾
❤7❤‍🔥2🍓2
September 3, 2026 101