ᰍ 𝐒𝐤𝐲ꪀꪖꪀ꠸ × TIME & TREASURES ´´ 💭: ဒါဆို မင်းတို့နှစ်ယောက်… — 𝖡𝖫 𝖮𝖼𝖾𝖺𝗇 | 𝐆𝐌𝐌𝐓𝐕 𝐒𝐭𝐚𝐫𝐥𝐲𝐦𝐩𝐢𝐜𝐬 — TG.ME

ֹ 😐 ᰍ 𝐒𝐤𝐲ꪀꪖꪀ꠸ × TIME & TREASURES ´´

💭: ဒါဆို မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးမိတာမျိုး၊ ဒါမှမဟုတ် တစ်ယောက်အပေါ်တစ်ယောက် အထင်ကြီးမိတာ၊ ချစ်စရာကောင်းလိုက်တာဆိုပြီး ကြည်နူးမိတာမျိုးက ဘယ်လိုအချိန်တွေမှာလဲ?

‹
🩷› Nani : အာ... Nani ရဲ့အမြင်နဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သဘောကျမိတာ၊ အထင်ကြီးမိတာတွေက အများအားဖြင့် အသေးအဖွဲလေးတွေကနေ ဖြစ်လာတာများတယ်ထင်တယ်။ တစ်ယောက်ရဲ့အသေးစိတ်လေးတွေကို သတိထားမိတာ၊ partner တစ်ယောက်အနေနဲ့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးတာမျိုးတွေပေါ့။

ကျွန်တော်ထင်တာက... အတူတူနေပြီး အတူတူအလုပ်လုပ်တဲ့အခါ ဒီလိုအသေးစိတ်လေးတွေက တကယ်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ အသေးအဖွဲလေးတစ်ခုကိုတောင် သတိမထားမိဘဲ လွတ်သွားရင် နောက်ပိုင်းမှာ ပြဿနာတစ်ခုခုဖြစ်လာနိုင်တယ်လေ။

အဲ့ဒီလို အသေးစိတ်လေးတွေကို ဂရုစိုက်ပေးတာကြောင့်ပဲ ကျွန်တော်တို့နှစ်ယောက် အတူတူအလုပ်လုပ်တဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိနိုင်တယ်၊ ပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်၊ ပြီးတော့ တစ်ယောက်ကိုတစ်ယောက် စိတ်ရင်းနဲ့ ပြုံးပြနိုင်ကြတာလို့ ထင်တယ်~

အွီးးးနာနီလေးစကားတတ်…
❕

#𝖠𝖺𝖴𝗂𝖾
❤‍🔥6❤3🍓3
September 2, 2026 208