ᰍ 𝐒𝐤𝐲ꪀꪖꪀ꠸ × TIME & TREASURES ´´ 💭: မင်းတို့နှစ်ယောက်… — 𝖡𝖫 𝖮𝖼𝖾𝖺𝗇 | 𝐆𝐌𝐌𝐓𝐕 𝐒𝐭𝐚𝐫𝐥𝐲𝐦𝐩𝐢𝐜𝐬 — TG.ME

ֹ 💗 ᰍ 𝐒𝐤𝐲ꪀꪖꪀ꠸ × TIME & TREASURES ´´

💭: မင်းတို့နှစ်ယောက် အတူတူကုန်ဆုံးခဲ့တဲ့အချိန်တွေအကြောင်း ပြောကြရအောင်။ နှစ်ယောက်တည်းအတူရှိရင်း ဘယ်လိုပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းခဲ့ရလဲ?

‹
🩵› Sky : အိုးးး... အမှန်အတိုင်းပြောရရင် အများကြီးပဲ။ အခုနောက်ပိုင်းမှာဆို မိဘတွေနဲ့အတူရှိတဲ့အချိန်ထက်တောင် တစ်ယောက်နဲ့တစ်ယောက် အတူရှိတဲ့အချိန်က ပိုများနေတယ်ထင်တယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်းလိုလိုတွေ့ပြီး အမြဲတမ်းလည်း အတူတူအလုပ်လုပ်နေကြတာလေ။ ဒါကြောင့်... အင်း... အမှတ်တရအဖြစ်ဆုံးကတော့ “High School Frenemy” ဇာတ်လမ်းရိုက်ကူးရေးပြီးသွားပြီးတဲ့နောက်ပိုင်းကာလပဲထင်တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော်တို့နှစ်ယောက် ပိုပြီးရင်းနှီးလာကြတယ်လို့ ထင်တယ်။ အဲ့ဒီကာလကိုတော့... တစ်သက်လုံး မှတ်မိနေမယ်ထင်တယ်။

💭: အိုးးး! တစ်သက်လုံးမှတ်မိနေမယ်တဲ့! ဒါဆို Khun Nani ရော? နှစ်ယောက်အတူတူဖြတ်သန်းခဲ့တဲ့အချိန်တွေထဲက ဘယ်အချိန်ကိုများ ရပ်တန့်ထားပြီး အမြဲသိမ်းထားချင်မိလဲ?

‹
🩷› Nani : အမှန်အတိုင်းပြောရရင်... အာ... လက်ရှိအချိန်ကို ပြောရမယ်ဆိုရင်တော့ Sky နဲ့ကျွန်တော် မကြာခင် Fancon အတွက် rehearsal တွေသွားပြီး ပြင်ဆင်ကြမယ့်အချိန်တွေကိုပဲ အချိန်ရပ်ထားချင်တယ်။ ဒီကာလလေးကို တတ်နိုင်သလောက် အပြည့်အဝခံစားပြီး မှတ်ဉာဏ်ထဲမှာ သိမ်းထားချင်တယ်။ ဟုတ်တယ်...

💭: Rehearsal လုပ်ရတာကြိုက်လို့ ပျော်နေတာလား!

‹
🩵› Sky : သူပြောတာက နှစ်ပတ်လောက်နေရင် Fancon စတော့မှာဆိုတော့ အဲ့ဒီအချိန်အတွင်း rehearsal တွေလုပ်ပြီး ပြင်ဆင်ရမယ့်အချိန်တွေကို အကျိုးရှိရှိ အသုံးချချင်တယ်လို့ ပြောတာပါ!

‹
🩷› Nani : အဲ့ဒါပဲ!

💭: ဘာလို့လဲဆိုတော့ ဒီ Fancon မှာ fan တွေအတွက် အထူးအံ့အားသင့်စရာတွေ အများကြီးပြင်ဆင်ထားကြတာမဟုတ်လား!

🩵🩷SkyNani : အများကြီးပဲ!!!

💭: ဒီအတွက်လည်း စိတ်ရော အားရော အများကြီးထည့်ထားကြတာနော်~

တကယ်ကို Fanconအတွက်အရမ်းကိုစိတ်လှုပ်ရှားနေပြီ…
👋

#𝖠𝖺𝖴𝗂𝖾
❤‍🔥6🍓3❤2💘1
September 2, 2026 159