LOEWE Fall Winter 2026 Collection အသစ်ကို စက်တင်ဘာလ ၃ ရက်နေ့မှာ Press… — 𝖡𝖫 𝖮𝖼𝖾𝖺𝗇 | 𝐆𝐌𝐌𝐓𝐕 𝐒𝐭𝐚𝐫𝐥𝐲𝐦𝐩𝐢𝐜𝐬 — TG.ME

𝖡𝖫 𝖮𝖼𝖾𝖺𝗇 | 𝐆𝐌𝐌𝐓𝐕 𝐒𝐭𝐚𝐫𝐥𝐲𝐦𝐩𝐢𝐜𝐬မနက်ဖြန် LOEWE Fall Winter 2026 Press Presentation မှာ Phuwin လေးနဲ့အတူ တွေ့ရတော့မယ်နော် ။ စက်တင်ဘာ ၃ ရက်နေ့ Siam Paragon မှာ ကျင်းပမယ့်ပွဲကို Phuwin က အထူးဧည့်သည်အဖြစ် တက်ရောက်မှာဖြစ်ပါတယ်။ Phuwin ကို အားပေးဖို့ သွားမယ့် မြန်မာ Fan တွေရှိရင် နဲ့ Fan Zone…
LOEWE Fall Winter 2026 Collection အသစ်ကို စက်တင်ဘာလ ၃ ရက်နေ့မှာ Press Presentation အဖြစ် စတင်မိတ်ဆက်သွားမှာဖြစ်ပြီး၊ Siam Paragon၊ M အထပ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ အရေးကြီးဧည့်သည်တစ်ဦးအဖြစ် Phuwin (@phuwintang) ကိုလည်း လာရောက်တွေ့ဆုံနိုင်မှာဖြစ်ပါတယ်။ ‌

📍 LOEWE Fall Winter 2026 Press Presentation — Fan Zone ‌

အနုပညာရှင်ကို လာရောက်အားပေးမယ့် Fan တွေအနေနဲ့ သတ်မှတ်ထားတဲ့ Fan Zone ထဲဝင်ဖို့— ‌

စက်တင်ဘာ ၃ ရက်၊ မနက် ၇:၃၀ မှ ၁၀:၀၀ အထိ ‌
📍 Siam Paragon Gate 1 ‌
(Bangkok Bank အနီး) မှာသာ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ‌

မနက် ၁၀:၀၀ နာရီရောက်တဲ့အခါ Security Guard အဖွဲ့က Fan တွေကို စနစ်တကျ သတ်မှတ်ပေးထားတဲ့ Fan Zone (LOEWE ဆိုင်ရှေ့) ကို ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ‌

မှတ်ချက်များ — ‌

Fan Zone က Fan ၃၀၀ ခန့်အထိ လက်ခံနိုင်ပါတယ်။ နေရာအခြေအနေနဲ့ လုံခြုံရေးအရ ဝင်ခွင့်နဲ့ နေရာခွဲဝေပေးမှုကို အခမ်းအနားနေရာရှိ ဝန်ထမ်းတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ‌

နေရာအကန့်အသတ်ရှိပြီး အနီးအနားဆိုင်တွေကို အနှောင့်အယှက်မဖြစ်စေရန် နေရာစည်းကမ်းတွေကို ပူးပေါင်းလိုက်နာပေးဖို့ တောင်းဆိုထားပါတယ်။ ပွဲစီစဉ်သူနဲ့ Shopping Mall ဘက်က ပါဝင်သူတွေရဲ့ ကျန်းမာရေး/လုံခြုံရေး၊ ပစ္စည်းပျောက်ဆုံးမှုနဲ့ မတော်တဆမှုများအတွက် တာဝန်ယူမှာမဟုတ်ပါဘူး။ ‌

ကြိုတင် Registration ပြုလုပ်တဲ့စနစ် မရှိသလို Queue Card လည်း မဝေပေးပါဘူး။ ဒါကြောင့် Fan တွေအားလုံး သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း စနစ်တကျ လိုက်နာပေးဖို့ တောင်းဆိုထားပါတယ်။ ‌


#LOEWE #phuwintang #SiamParagon #Zuree_ppw
❤7
September 2, 2026 257