Love Against Time (2026) တန်ဖိုးရှိတဲ့ အချစ် (၂၀၂၆) Ep-4 Copyright… — Four Hands Two Sonatas ( ပြိုင်ဘက်ကင်း သံစဉ် ) — TG.ME

Love Against Time (2026)
တန်ဖိုးရှိတဲ့ အချစ် (၂၀၂၆)

Ep-4

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

သင့်အတွက် မနက်ဖြန်ဆိုတာ မရှိတော့ဘူးဆိုရင်… "ဒီနေ့ကို ဘယ်သူနဲ့ အတူဖြတ်သန်းချင်လဲ?” ဆိုတဲ့မေးခွန်းမျိုးကို ပရိသတ်ကြီးတို့ဘဝမှာ မေးကြည့်ခဲ့ဖူးပါသလား…

ဒါပေမဲ့ ဒီရှိုးထဲက လူငယ်တွေကတော့ အဲဒီမေးခွန်းကို စိတ်ကူးယဉ်ခဲ့ရုံမဟုတ်ဘဲ အသက်နဲ့ သေခြင်းကြား မျဉ်းတစ်ကြောင်းပေါ်မှာ ကိုယ်တိုင် ရပ်တည်ခဲ့ရကာ အကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့ကြဖူးသူတွေပါ။

ဘဝအခက်အခဲများစွာကြောင့် အချစ်နဲ့ အိပ်မက်တွေကို လက်လွှတ်ခဲ့ရပေမဲ့ အဲဒီအတွေ့အကြုံကနေပဲ “အသက်ရှင်နေဆဲ ဒီနေ့” ဆိုတဲ့ တန်ဖိုးကို ဘယ်သူထက်မဆို ပိုနားလည်တဲ့သူတွေပေါ့။

Love Against Time ဟာ ဘဝရဲ့ အမှောင်ဆုံးအချိန်ကို ကျော်ဖြတ်လာခဲ့တဲ့ လူငယ်တွေက အချစ်ကို နောက်တစ်ကြိမ် ယုံကြည်ပြီး နှလုံးသားကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားကြတဲ့ ဒိတ်ရှိုးအစီအစဉ်တစ်ခုဖြစ်ပါတယ်။

အချိန်ရဲ့ တန်ဖိုးကို အနက်ရှိုင်းဆုံး နားလည်တဲ့သူတွေရဲ့ အချစ်က ဘယ်လိုပုံစံဖြစ်မလဲ…

နာကျင်မှုတွေကို ဖြတ်ကျော်လာတဲ့ နှလုံးသားတွေက တကယ့်အချစ်ကို ရှာတွေ့နိုင်မလား…

သူတို့တောင့်တနေတဲ့ တစ်ယောက်သောသူကိုရော ရှာတွေ့ကြပါ့မလားဆိုတာကို Love Against Time မှာ အတူတူ ရင်ခုန်စွာ စောင့်ကြည့်လိုက်ရအောင်နော်။


#LoveAgainstTime #realityshow #2026show #mmsub #blackhole
August 26, 2026 177