တရုတ်ဇာတ်လမ်းတွဲများ ( Black Hole Film ): post #3317 — TG.ME

Remnants of Gold (2026)
သိုင်းလောကရဲ့ရွှေရောင်ကန္တာရ (၂၀၂၆)

Ep-9

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ဒီတစ်ခါမှာတော့ သိုင်းစာရေးဆရာကြီး Gu Long ရဲ့ နာမည်ကြီး 《大地飞鹰》 ဝတ္ထုကို ပြန်လည်မှီငြမ်းပြီး ဒါရိုက်တာ Xu Bing က ရိုက်ကူးထားကာ Xin Zhilei,  Yin Fang , Chen Kun , Gao Weiguang တို့လို တကယ့်ဝါရင့်တွေချည်း စုစည်းထားတဲ့ သိုင်းလောကဇာတ်လမ်းတွဲသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်

သိုင်းကားကြိုက်သူတွေအတွက်တော့ လုံး၀လက်မလွှတ်သင့်သောပါပဲနော် 👋

ဇာတ်လမ်းအကျဉ်း 📝

ကန္တာရပြင်ကြီးအတွင်းသို့ ရွှေစသုံးသိန်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ထိုရွှေများကို ရှာဖွေသူများမှာ အချင်းချင်း ပြန်လည် သတ်ဖြတ်ကာ စိတ္တဇမိစ္ဆာများအဖြစ် ပြောင်းလဲသွားကြတယ်ဆိုတဲ့ သတင်းဆိုးကြီးက ပံ့ပိုးထွက်ပေါ်လာခဲ့ပါတယ်

အမှုစုံစမ်းဖို့ ရောက်ရှိလာတဲ့ မင်းစိုးရာဇာအရာရှိမှာ ပထမရက်မှာပင် ရူးသွပ်သွားခဲ့ရသလို သစ္စာရှိလှတဲ့ ဒုတိယသံတမန်တောင်မှ ရွှေမြင်ပြီး လောဘနှင့် သစ္စာတရားကြားတွင် တွေဝေ မိန်းမောခဲ့ရလာတဲ့အခါ......

ထိုအချိန်မှာ မိသားစုတစ်ခုလုံး သတ်ဖြတ်ခြင်း ခခံလိုက်ရပြီး ဘယ်လိုအဆိပ်မျိုးကိုမဆို ကြံ့ကြံ့ခံနိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ကလဲ့စားချေရန်အတွက် ကန္တာရဆီ ပြန်လည်ခြေချခဲ့ပါတယ်

ဒီလိုနဲ့ သဲမုန်တိုင်းတွေ အုံ့ဆိုင်းနေတဲ့ ကန္တာရနောက်ကွယ်က ရွှေတွေကို တပ်မက်နေတဲ့ လောဘသားတွေနဲ့ ထောင်ချောက်ပေါင်းများစွာ ကိန်းအောင်းနေတဲ့ကြားကနေ  အရှေ့တိုင်းသိုင်းလောကရဲ့ စိတ္တဇဆန်တဲ့ အငြိုးတိုက်ပွဲက ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကတော့.....


#RemnantsofGold #chineseseries #2026series #mmsub #blackhole
August 31, 2026 62