မင်း မဟုတ်သော ချစ်ခြင်း (၂၀၂၆)
Ep-1,2,3,4
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
"ရင်းနှီးကျွမ်းဝင်နေပြီးသား ၁၀ နှစ်တာ အချစ်ဟောင်းလား... ရုတ်တရက် ဇွတ်တိုးဝင်လာတဲ့ ရင်ခုန်သံအသစ်လား..."
ကေဒရမ်မာ ပရိသတ်ကြီးတို့ တွေဝေဗျာများရပြန်ဦးမဲ့ Seo Kang-Jun ရဲ့ လေးပွင့်ဆိုင်အချစ် စီးရီးသစ်လေး ထွက်ရှိလာပါပြီ။
တွဲဖက်မင်းသမီးအနေနဲ့ Dynamite Kiss ထဲက Ahn Eun-Jin အပြင် Bon Appétit, Your Majesty ထဲက မင်းသား Lee Joo-Ahn နဲ့ To the Moon ထဲက မင်းသမီး Jo Aram တို့ကလည်း ပါဝင်အားဖြည့်ပေးထားကြပါတယ်။
- ဇာတ်လမ်းအကျဉ်း -
အသက် ၇ နှစ်အရွယ်မှာ စတင် သိကျွမ်းခဲ့ပြီး ချစ်သူသက်တမ်း ၁၀ နှစ်ရှိပြီဖြစ်တဲ့ ဟွန်းမင်းမုန့်တိုက်ရဲ့ လက်ထောက်မန်နေဂျာ နမ်ဂွန်းဟို (Seo Kang-Jun) နဲ့ ရုပ်ရှင်ဒါရိုက်တာ အီမီဒို (Ahn Eun-Jin) တို့ဟာ ငိုလည်းအတူ ရယ်လည်းအတူနဲ့ တစ်ချိန်က အရူးအမူး ချစ်ခဲ့ကြပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ ရင်ခုန်သံတွေအစား သစ္စာနဲ့ ယုံကြည်မှုက နေရာဝင်ယူလာသလို အလုပ်အကိုင်တည်ငြိမ်မှု ကွာခြားချက်ကြောင့် သိမ်ငယ်စိတ်တွေ စဝင်လာတဲ့အခါမှာတော့ "လက်ထပ်မလား.. လမ်းခွဲမလား" ဆိုတဲ့ တွေဝေခြင်း လမ်းဆုံလမ်းခွမှာ ရပ်ရဖို့ ဖြစ်လာပါတော့တယ်။
အဲဒီအချိန်မှာပဲ "ခင်ဗျားရဲ့ရည်းစား လုံးဝ မလုပ်ပေးနိုင်တာမျိုးကို ကျွန်တော် လုပ်ပေးမယ်" ဆိုတဲ့ ရှေ့နေ ဟန်ထယ်ဆွန်း (Lee Joo-Ahn)....
"လက်ထောက်ကြီးအတွက် အပျော်ရွှင်ရဆုံး အမှတ်တရကို ကျွန်မ သေချာပေါက် ဖန်တီးပေးပါ့မယ်" ဆိုတဲ့ ဝန်ထမ်းမလေး ဘတ်ဆူအာ (Jo Aram) တို့က အသီးသီး ရင်ခွင်တံခါးခေါက်လာကြတဲ့အခါမှာတော့...
"မင်းမဟုတ်တဲ့ တခြားအချစ်"နောက်ကိုပဲ ပါသွားမလား...
ဒါမှမဟုတ် ရှောင်လွှဲမရတဲ့ သဘာဝတရားတစ်ခုလို မူလ"မင်း"ဆီကိုပဲ အဖန်ဖန် ပြန်လည် ဆွဲငင်ခံနေရမလားဆိုတာကိုတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်အားပေးနိုင်ပါပြီရှင်။
#ALoveOtherThanYours #koreaseries #2026series #mmsub #blackhole
