A Trap Called Desire (2026) လောဘဇာတ်ခုံ (၂၀၂၆) Ep-29 Copyright… — Flex X Cop ( သူဌေးသားစုံထောက် ) — TG.ME

A Trap Called Desire (2026)
လောဘဇာတ်ခုံ (၂၀၂၆)

Ep-29

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

တစ်ခေတ်တစ်ခါက နာမည်ကြီး ဇာတ်လမ်းတွဲရှည်တော်တော်‌‌များများမှာ ပါဝင်ခဲ့ပြီး
ဆူးလွှမ်း‌သောချစ်နှင်းဆီ (Temptation of Wife) ဇာတ်လမ်းတွဲနဲ့ ပရိသတ်‌တွေ ရင်းနှီးခဲ့ကြတဲ့ မင်းသမီးကြီး Jang Seo Hee ရဲ့ မိသားစု ဒရမ်မာ အသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

မွေးစားမိဘတွေဆီမှာ အချစ်ခံရပြီး ကြီးပြင်းလာခဲ့တဲ့ ဂိုအွန်းဆော(Jeon Hye Won) ဟာ လူသတ်မှု သံသယရှိသူအဖြစ် စွပ်စွဲခံရပြီးနောက်မှာတော့
သူ့ဘဝရဲ့ အရာအားလုံးကို တစ်ခဏအတွင်းမှာပဲ ဆုံးရှုံးလိုက်ရပါတယ်။

ဒီလိုနဲ့ သူ့ဘဝကို ပြန်ရယူဖို့အတွက် အမှန်တရားကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးပမ်းရာကနေ လူသတ်တရားခံ အဖြစ် စွပ်စွဲခံရခြင်းက ဂျူမီရန်(Jang Seo Hee) ဆိုတဲ့ အမျိုးသမီးရဲ့ လက်ချက်မှန်းသိလိုက်ရပြီးနောက်မှာတော့ လက်စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။

ဂျူမီရန်ဟာ အပြင်ပန်းကြည့်ရင်တော့ နွေးထွေးပြီး ကြင်နာတတ်တဲ့သူလို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ရည်မှန်းချက်ကြီးပြီး သူလိုချင်တာရဖို့ အတွက် တစ်ပါးသူရဲ့ ပျော်ရွှင်မှု၊ ဘဝတွေကို
ချနင်းဖျက်ဆီးဖို့ ဝန်မလေးတဲ့သူတစ်‌ယောက် ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့လက်ရှိဘဝကလည်း အလိမ်အညာတွေနဲ့ တည်ဆောက်ထားတာဖြစ်နေပြန်ပါတယ်။

ဒီအမျိုးသမီး နှစ်ဦး ထိပ်တိုက် ဆုံကြတဲ့အခါ ဘယ်လို တင်းမာမှုတွေ၊ အငြိုးအတေး အာဃာတတွေ ဖြစ်ပေါ်လာမလဲဆိုတာကို အပတ်စဉ် စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီရှင်။


#ATrapCalledDesire #koreaseries #2026series #mmsub #blackhole
❤1
September 19, 2026 167