ကောင်းကင်နန်းတော် အသက်မီးလျှံများ တောက်လောင်လာပြီး ကောင်းကင်ယံသို့… — အနန္တတရား၏နိယာမ [Beyond Time's Gaze ] — TG.ME

ကောင်းကင်နန်းတော် အသက်မီးလျှံများ တောက်လောင်လာပြီး ကောင်းကင်ယံသို့ ထိန်းလင်းဟပ်သွားသည်။ ကောင်းကင်နန်းတော် သည် ကျင်းတန်းခေါ် အမြုတေ ကျင့်ကြံသူများ၏ အဓိက အမှတ်သင်္ကေတဖြစ်ပြီး ကျင့်ကြံသူ၏ ကိုယ်တွင်းမြူခိုးများအတွင်း ပုန်းကွယ်လျက်ရှိရာ၊ ၎င်းကို ထွန်းလင်းတောက်ပလာစေရန် အသက်မီးလျှံ ဖြင့် ထွန်းညှိရသည်။ ​မျိုးနွယ်စုပေါင်းစုံ၏ ကောင်းကင်နန်းတော်များသည် တစ်ခုနှင့်တစ်ခု မတူညီကြ‌ပေ။ အချို့မှာ မြင့်မြတ်လှသော နတ်ကောင်းကင် နန်းတော်များကဲ့သို့ ခမ်းနားထည်ဝါကြပြီး၊ အချို့မှာမူ သရဲတစ္ဆေ ဂူဘုရားများကဲ့သို့ မှောင်မိုက်ဆန်းကြယ်ကြသည်။ ​ဤနန်းတော်သည် ကျင်းတန်း အဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်ရေးစွမ်းအားကို ဖော်ပြရာနေရာ ဖြစ်ပြီး၊ နန်းတော်တစ်ဆောင်လျှင် မီးလျှံ ၆ ခုစာ စွမ်းအား ကို ကိန်းဝပ်စေနိုင်သည်။

August 15, 2026 87.4K 27