ကျွန်တော့ဒီနေ့မှအတွေးသစ်လေးတစ်ခုရလို့ရေးတင်ပါရစေ… — math notebooks — TG.ME

ကျွန်တော့ဒီနေ့မှအတွေးသစ်လေးတစ်ခုရလို့ရေးတင်ပါရစေ ကျွန်တော်ရဲ့အမြင်ပေါ့နော် ဒါကမှန်တယ်မှားတယ်ထက်ကျွန်တော်တွေးမိတာလေးကို ပြောပြကြည့်တာပါ 🍀How does Social media affect our real life?🍀 အခုကျွန်တော်တို့ကြားမှာဆိုအဓိက trending ဖြစ်နေတဲ့ TikTok ကိုအဓိကထားပြောရရင် TikTok မယ်ဆို ဘ၀တွေကသဘောကျစရာ‌ေတွကြီးပဲ များသောအားဖြင့် ကိုယ်နဲ့သက်တူရွယ်တူ၀န်းကျင်တွေမှာ တချို့တွေက ခရီးတွေထွက်ကြတယ် နိုင်ငံတကာပတ်တာတို့ဘာတို့ပေါ့၊တချို့ကျလည်းပျော်ရွှင်စရာမိသားစုတို့ ချစ်သူရည်းစားတို့ပိုင်ဆိုင်ထားကြတယ်၊ တချို့ဆိုကိုယ်ပိုင်စီးပွားရေး ကိုယ်ဝါသနာပါတဲ့အလုပ်တွေလုပ် အိမ်မက်တွေနောက်လိုက်နေကြတာတွေ ၊ တချို့ကောင်မလေး‌တွေဆိုအကုန်လုံးလှနေကြတာတွေ အဲ့တာတွေကြည့်ပြီးငါကတော့ ဒီအသက်အရွယ်ဖြစ်နေပြီငါကတော့ဘာမှဖြစ်မလာသေးဘူးဆို ကိုယ့်ဘာသာ စိတ်တိုင်းမကျတာတွေဖြစ်လာတာမျိုးတွေ သိမ်ငယ်သလိုမျိုးတွေခံစားရတာမျိုးတွေရှိလာတယ် ဒါပေမယ့်လေ ကျွန်တော်စဉ်းစားကြည့်မိတာ အဲ့တာတွေကလေ သူတို့ဘ၀ရဲ့ပျော်ရွှင်နေတဲ့အချိန် စိတ်ချမ်းသာနေတဲ့အချိန်အဲ့တာတွေကိုမှတ်တမ်းတင်ထားတဲ့အစိတ်အပိုင်းတစ်ခုလို့မြင်မိတယ် ပြောချင်တာကသူတို့ဘ၀ကအမြဲတမ်း သူတို့မှတ်တမ်းတင်ထားတဲ့ထဲကလိုအမြဲအဆင်ပြေမနေဘူး သူတို့မှာလဲခက်ခဲတဲ့အချိန်တွေ ကိုယ်တွေလိုပဲစိတ်ဓာတ်ကျတဲ့အချိန်တွေ အဆင်မပြေတဲ့အချိန်တွေရှိတယ်ကွာ ဒါမျိုးတွေရှိတယ် နောက်ထပ်တစ်ခါလေ ကိုယ့်နဲ့သိတဲ့ ညီလေးညီမလေးတွေကိုပြောပြပေးစေချင်တယ် ဒီ social media ကိုအသုံးပြုပုံတွေနဲ့ပတ်သတ်ပြီး ဘာလို့ဆိုအခုနောက်ပိုင်းဆယ်ကျော်သက်ကလေးတွေနဲ့အိမ်ထောင်ကျကြတယ်နောက်ကွဲကြတယ်နဲ့ ဒီ social media ပေါ်မှာသူတို့မြင်တွေ့ရတာတွေကိုဘ၀ကြီးလို့ထင်နေကြတာကနေဖြစ်လာတာလို့ထင်မိတယ် ဆိုတော့ပြန်ဆက်ပြောရမယ်ဆိုရင်ကိုယ့်ရဲ့ လက်ရှိဘ၀မှာပဲအကောင်းဆုံးဖြစ်အောင်ရှင်သန်ပါ ကျွန်တော်တို့က အမြင်ကျယ်ဖို့ကမ္ဘာကြီးကိုမြင်နိုင်ဖို့သိနိုင်ဖို့ဒီနည်းပညာတွေကလိုအပ်တယ်ဆိုပေ့မယ့် နည်းလမ်းမှန်ပါစေ ကျွန်တော်တို့အပေါ်ကိုစိတ်ပိုင်းဆိုင်ရာအရရောရုပ်ပိုင်းဆိုင်ရာအရကောထိခိုက်တာမျိုးမရှိအောင် သတိနဲ့နေဖို့အရေးကြီးပါတယ် Social media ကိုသတင်းအချက်အလက်တွေအတွက်သာအဓိကအသုံးပြုပါ ကျွန်တော်တို့ရဲ့ပင်ပန်းနေတဲ့အချိန်တွေကို ဖျော်ဖြေဖို့အတွက်ပဲသုံးပါ ကျွန်တို့ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုလိုမ‌ျိုးတော့အဖြစ်မခံမိပါစေနဲ့ ခုလိုမျိုးအစစအရာရာပျော်ရွှင်စရာနည်းပါးတဲ့အချိန်မှာ social media ကြောင့်တစ်ခါ စိတ်မပျော်ရွှင်ရတာမျိုးအဖြစ်မခံပါနဲ့ စိတ်ချမ်းသာပျော်ရွှင်ကြပါစေဗျာ🍀💗

❤21🍓7🥰2👏2💘1
March 23, 2026 2.1K 1