အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA)… — Myanmar Basic Education Home — TG.ME

"အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုခြင်းနှင့်စပ်လျဉ်း၍ ကြိုတင်သတိပေးချက် ထုတ်ပြန်ခြင်း"

ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့


BECA ၏ Testing System တွင် ဖြေဆိုသူများအတွက် ဖြေဆိုပြီးလျှင်ပြီးချင်း ရမှတ်ပေါင်းကို ချက်ချင်းသိရှိနိုင်ရန် ဖော်ပြပေးထားသော်လည်း BECA စစ်ဆေးအကဲဖြတ်မှုဘုတ်အဖွဲ့မှ စစ်ဆေး အတည်ပြုခြင်း (Validation Process) ပြီးစီးမှသာ ထိုရမှတ်များသည် အတည်ဖြစ်မည် ဖြစ်ကြောင်း ကြိုတင်အသိပေးကြေညာထားပြီး ဖြစ်ပါ၍ ဖြေဆိုသူများလိုက်နာရန် စည်းကမ်းများကို ချိုးဖောက် ဖြေဆိုထားကြောင်း စစ်ဆေးတွေ့ရှိပါက ရိုးဖြောင့်စွာဖြေဆိုသော ပြည်သူ့ကျောင်းသားများ၏ တရားမျှတမှုနှင့် ဂုဏ်သိက္ခာအတွက် ထိုစည်းကမ်းဖောက်ဖျက်ဖြေဆိုသူ၏ ရမှတ်များအား ခြွင်းချက် မရှိ ပယ်ဖျက်မည်ဖြစ်ပါကြောင်း နှင့် မသမာသောနည်းလမ်းမျိုးစုံဖြင့် အကြိမ်ကြိမ်ကျုးလွန် ဖြေဆို ခြင်းများကို ပြုလုပ်ပါက နောက်နှစ်နောက်ထပ်ဖြေဆိုခွင့်များကိုပါ နှစ်အကန့်အသတ်မရှိ ပိတ်ပင်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကြိုတင်သတိပေးချက် ထုတ်ပြန်အပ်ပါသည်။


#BECA
#NUGMOE
#Grade12NewSystem
#Grade11OldSystem
#MBEH
❤64🏆10
July 12, 2026 44.7K 175