BECA Guidelines 📣 📣 📣 "၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေ… — BECA Public FAQ — TG.ME

📣 📣 📣 BECA Guidelines 📣 📣 📣 "၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်းနှင့် စနစ်သစ် ဒွါဒသမတန်း) ဖြေဆိုခြင်းဆိုင်ရာ အွန်လိုင်း ဖြေဆိုသူကျောင်းသား/သူများလိုက်နာရန် စည်းကမ်းချက်များ ရှင်းလင်းခြင်းအစီအစဉ်" ကို BECA ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ရည်ရွယ်၍ အောက်ပါအချိန်ဇယားအတိုင်း စီစဉ်ဆောင်ရွက်သွားပါမည်။ ၁။ ဇွန်လ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်၊ နေ့လယ် ၁း၀၀ နာရီ အွန်လိုင်းများဖြေဆိုမည့် ကျောင်းသားကျောင်းသူများသည် အထက်ပါအစီအစဉ်မှ မိမိအတွက် အဆင်ပြေမည့် နေ့ရက်တွင် တက်ရောက်နိုင်ပါသည်။ တက်ရောက်လိုသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် Meeting Link ကို (၁၃-၆-၂၀၂၆) ရက်နေ့တွင် https://mes.moeedu.org တွင် မိမိကိုယ်ပိုင် ID , Password ဖြင့် ဝင်ရောက်၍ ပင်မစာမျက်နှာတွင် ရယူနိုင်ရုံသာမက 🎯 အောက်ဖော်ပြပါ Moodle Site >> https://lms.moeedu.org/mod/forum/discuss.php?d=118 တွင်လည်း မိမိ LMS (Moodle) ID & Password တို့ဖြင့် ဝင်ရောက်၍ Zoom Link ရယူနိုင်ကြောင်း ကြေညာအသိပေးနှိုးဆော်အပ်ပါသည်။ #NUG #NUGMOE #BECA #MES #MBEH #Grade12New #Grade11Old

June 13, 2026 25.2K 141