Name -
Among The Sleep
2014မှာ PC version အတွက်ပဲစတင်ထွက်ရှိခဲ့တဲ့ ဒီဂိမ်းဟာဆိုရင် နှစ်တိုင်း တိုးချဲ့ပြီး Platforms တိုင်းအတွက် version တွေ့ထွက်ခဲ့ပါတယ် အခုဆိုရင်တော့ Mobile version ပါထွက်ရှိလိူ့လာခဲ့ပါပြီ။
About (အကြောင်းအရာ) -
Among the Sleep" ဆိုတာ အသက် ၂ နှစ်အရွယ် ကလေးငယ်လေးတစ်ယောက်ရဲ့ နေရာကနေ ဝင်ရောက်ကစားရမယ့် First-person Psychological Horror စွန့်စားခန်း ဂိမ်းတစ်ခု ဖြစ်ပါတယ်။
ညသန်းခေါင်ယံမှာ ထူးဆန်းတဲ့ အသံဗလံတွေကြောင့် လန့်နိုးလာခဲ့ပြီးနောက်... ဘေးကင်းလှပါတယ်ဆိုတဲ့ ကုတင်ထက်ကနေ ဆင်းပြီး စိတ်သက်သာရာရစေမယ့်အရာကို ရှာဖွေဖို့ အမှောင်ထုထဲကို စတင်စူးစမ်း ခရီးနှင်ရမှာပါ။ ကိုယ့်ရဲ့Teddy Bear ရုပ်လေးရဲ့ လမ်းညွှန်မှုနဲ့အတူ... ကိုယ်နဲ့ ရင်းနှီးပြီးသား ပတ်ဝန်းကျင်တွေတောင် ပုံပျက်ပန်းပျက်ဖြစ်ပြီး ခြိမ်းခြောက်မှုတွေ ပြည့်နှက်နေသလို ခံစားရစေမယ့် ထူးဆန်းကျောက်မက်ဖွယ် ကမ္ဘာကြီးထဲမှာ ဖြတ်သန်းသွားလာရမှာ ဖြစ်ပါတယ်။

1
1June 12, 2026 281