BC ID သုံးတတ်ပြီလား? 👀 BC မှာ စကားပြောလို့အဆင်ပြေတဲ့သူတွေ့ပေမယ့်… — Burmese Chat (Myanmar Anonymous Chat Bot) — TG.ME

🆔 BC ID သုံးတတ်ပြီလား? 👀

BC မှာ စကားပြောလို့အဆင်ပြေတဲ့သူတွေ့ပေမယ့် Chat ပြီးသွားတော့ ပြန်ရှာမတွေ့တော့ဘူး အဲ့လိုဖြစ်ဖူးလား?
😵‍💫

ဒါဆို BC ID နဲ့ History ကို သေချာသုံးတတ်ထားဖို့လိုပါတယ်။

🔤 BC ID ဆိုတာဘာလဲ?

BC User တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် 5 လုံးပါတဲ့ ID တစ်ခုရှိပါတယ်။ ဥပမာ — "A7k9M"

တစ်ယောက်နဲ့တစ်ယောက် စကားပြောပြီး အဆင်ပြေလို့ နောက်လည်းပြန်ပြောချင်တယ်ဆိုရင် Telegram Username ပေးစရာမလိုဘဲ BC ID ကို အပြန်အလှန် Share လို့ရပါတယ်။

တစ်ဖက်က BC ID ပေးထားရင် အဲ့ဒီ ID ကိုသုံးပြီး နောက်တစ်ခါ Direct Chat Request ပြန်ပို့နိုင်ပါတယ်။ သူဘက်က လက်ခံမှ Chat စလို့ရမှာပါ။
🛡

⏲ BC ID မမှတ်မိလိုက်ရင်ကော?

ဒီနေရာမှာ History က အသုံးဝင်ပါတယ်။

BC မှာ အရင်က စကားပြောခဲ့ဖူးပြီး ID မျှဝေဖူးသူတွေကို History ထဲမှာ ပြန်ကြည့်ပြီး လွယ်လွယ်ပြန်ချိတ်နိုင်ပါတယ်။ စကားပြောခဲ့တုန်းက ID မမှတ်မိလိုက်တာ၊ နောက်မှ ပြန်စကားပြောချင်လာတာမျိုးဆို History ထဲဝင်ပြီး ရှာကြည့်ပါ။

💡 အတိုချုပ်ရရင် —

BC ID = နောက်တစ်ခါ ပြန်ဆက်သွယ်ဖို့
History = အရင်စကားပြောခဲ့သူတွေ ပြန်ရှာဖို့

Random Match မှာ အဆင်ပြေတဲ့သူတွေ့ပြီဆိုရင် ဒီတိုင်းအပျောက်မခံနဲ့နော်။
BC ID နဲ့ History ကို သုံးထားပါ။
💙

BC ID နဲ့ပတ်သက်ပြီး မသိသေးတာ၊ နားမလည်သေးတာ၊ အသုံးပြုပုံနဲ့ပတ်သက်ပြီး မေးချင်တာရှိရင် Comment မှာ လွတ်လွတ်လပ်လပ် မေးထားခဲ့လို့ရပါတယ်ဗျ။
😇💙

👋 BC Bot — @BurmeseChat_bot
👋 Support — @BurmeseChatSupport_bot

#BurmeseChat #BCID #TelegramBot #Chatbot #Friends #Myanmar #AnonymousChat #History
❤4
September 1, 2026 372 7 1