သေချာမှ မျှဝေပါ BC မှာ Match ဖြစ်ပြီး စကားပြောအဆင်ပြေတာနဲ့ Telegram… — Burmese Chat (Myanmar Anonymous Chat Bot) — TG.ME

🛡 သေချာမှ မျှဝေပါ

BC မှာ Match ဖြစ်ပြီး စကားပြောအဆင်ပြေတာနဲ့ Telegram Username ကို ချက်ချင်းမျှဝေဖို့ မလိုပါဘူးဗျ။

အရင်ဆုံး BC ID ကိုပဲ အချင်းချင်းမျှဝေထားပြီး နောက်ရက်တွေမှာလည်း BC ကနေ ဆက်ပြီးစကားပြောကြည့်ပါ။
💬

Online မှာ အချိန်တိုအတွင်း သိကျွမ်းရုံနဲ့ တစ်ဖက်လူက ဘယ်လိုလူမျိုးလဲဆိုတာ အပြည့်အဝသိဖို့ မလွယ်ပါဘူး။

Username ကို အလျင်စလိုမျှဝေလိုက်မိရင် ကိုယ့် Telegram Account ကို ရှာဖွေနိုင်တာ၊ မလိုလားအပ်တဲ့ Message/Call တွေ ဆက်တိုက်ပို့လာတာ၊ Block လုပ်ပြီးနောက် Account အသစ်တွေနဲ့ ပြန်ဆက်သွယ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကိုယ့် Profile မှာ အခြားကိုယ်ရေးအချက်အလက်တွေရှိနေရင်လည်း အဲဒီကနေတစ်ဆင့် ကိုယ့်အကြောင်း ပိုမိုသိရှိသွားနိုင်ပါတယ်။
🚨

ဒါကြောင့် BC ID အရင်မျှဝေထားပါ။
နောက်ရက်တွေထပ်ပြောကြည့်ပြီး တစ်ဖက်လူရဲ့ စကားပြောပုံ၊ အပြုအမူနဲ့ ယုံကြည်လို့ရမရကို အချိန်ယူလေ့လာပါ။

တကယ်ယုံကြည်ရပြီ၊ BC အပြင်မှာပါ ဆက်သွယ်ချင်ပြီဆိုမှ Username ကို မျှဝေပါ။
✅

Match ဖြစ်တာက သိကျွမ်းမှုရဲ့အစပါ။
ယုံကြည်မှုကတော့ အချိန်ယူပြီး တည်ဆောက်ရတာပါ။
😎

Let's build together towards a safe community. — @BurmeseChat_bot
❤8🫡2
August 27, 2026 752 19