AUNG Nihongo: post #206 — TG.ME

📣ဗီဇာလျှောက်ထားရန်အတွက် ကြိုတင်ဘိုကင်ယူခြင်းနှင့် ပတ်သက်၍ 📣 📣査証申請の予約について 📣 📣Online booking system for visa application📣  ဗီဇာလျှောက်ထားရန်အတွက် ကြိုတင်ဘိုကင်ယူခြင်းနှင့် ပတ်သက်၍ အွန်လိုင်းဘိုကင်စနစ်သို့ ဝင်ရောက်ဘိုကင်ယူ၍မရသော အခြေအနေဖြစ်ပေါ်လျက်ရှိပြီး အဆင်မပြေမှုများ ဖြစ်ပွားစေသည့်အတွက် အနူးအညွန်တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ လတ်တလောအချိန်ကာလ အတွင်း ကြိုတင်ဘိုကင်ယူခြင်းများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကောင်စစ်ဌာနအီးမေးလ် ([email protected]) တွင် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ဗီဇာလျှောက်ထားမည့်သူများသည် အောက်ပါအချက်အလက်များကို အီးမေးလ်တွင် ထည့်သွင်းဖော်ပြ၍ အထက်ပါအီးမေးလ်လိပ်စာသို့ ပေးပို့နိုင်ပါသည်။ အွန်လိုင်းဘိုကင်စနစ် ပြန်လည်ရရှိသောအခါ ထပ်မံအသိပေးကြေညာပါမည်။  ၁။ ဗီဇာလျှောက်ထားမည့်သူ၏ အမည်  ၂။ ဗီဇာလျှောက်ထားမည့်သူ၏ တယ်လီဖုန်းနံပါတ်  ၃။ မြန်မာနိုင်ငံမှ ထွက်ခွာမည့်ရက်စွဲ  ၄။ COE (ကာလရှည်နေထိုင်ခွင့် လက်မှတ်/ Certificate of Eligibility) ရှိ/မရှိ ※ ရထားပြီးသော ကြိုတင်ဘိုကင်ကို ပယ်ဖျက်ခြင်းမှလွဲ၍ တစ်ဦးတစ်ယောက်တည်းမှ ကြိုတင်ဘိုကင်ယူသောအီးမေးလ်ကို (၂) ကြိမ် မပို့ပါရန် မေတ္တာရပ်ခံပါသည်။ ※ အီးမေးလ်ပေးပို့သည့်ရက်မှ အချိန်တစ်ပတ်ကြာသည်အထိ သံရုံးမှ ပြန်စာမရရှိပါက အကြောင်းကြားနိုင်ပါသည်။ ※ အွန်လိုင်းဘိုကင်စနစ်ဖြင့် ကြိုတင်ဘိုကင်ရယူထားပြီးသူများ အီးမေးလ်ဖြင့် နောက်တစ်ကြိမ် ကြိုတင်ဘိုကင်ယူရန် မလိုအပ်ပါ။

❤12👍1
February 22, 2025 2.2K