တတ်နိုင်လို့ ကျောက်စိမ်းရဲတိုက်ကြီးပဲဆောက်" မတတ်နိုင်လို့… — Poems you should read before you die — TG.ME

တတ်နိုင်လို့ ကျောက်စိမ်းရဲတိုက်ကြီးပဲဆောက်"
မတတ်နိုင်လို့ ထန်းလက်တဲကလေးနဲ့နေနေ

တတ်နိုင်လို့ အမေရိကကိုပဲ စျေးဝယ်ထွက်ထွက်
မတတ်နိုင်လို့ ရွာပြင်ထွက်ပြီး ဖားငါးရှာရှာ

သေချာတာတစ်ခုတော့ရှိတယ်
မင်းလည်းဘာမှမဟုတ်ဘူး
ငါလည်းဘာမှမဟုတ်ဘူး ။

မြေကြီးဆီက အငှားချထားတဲ့ခန္ဓာ
တစ်နေ့ကျ မြေကြီးဆီ ပြန်အပ်ရလိမ့်မယ်
ကိုယ့်ဒဏ်ရာကို သတိရကြ
မင်းလည်းဘာမှမဟုတ်ဘူး
ငါလည်းဘာမှမဟုတ်ဘူး ။

- မိုဃ်းဇော်
❤79🕊6🍾1
August 26, 2026 5.3K 31