မကောင်းတဲ့ ခေတ်ချင်းတူပေမဲ့ ဒီဘက်ခေတ်မှာတော့ သီချင်းတွေ… — Poems you should read before you die — TG.ME

မကောင်းတဲ့ ခေတ်ချင်းတူပေမဲ့
ဒီဘက်ခေတ်မှာတော့
သီချင်းတွေ အကျယ်ကြီးဖွင့်ပေးတဲ့
လမ်းဘေးကဖေးဆိုင်တွေ မရှိတော့ဘူး ။

ကိုယ်စားသုံးချင်တဲ့ သီချင်းတွေကို
လမ်းဘေးကဖေးဆိုင်ထိုင်ရင်း
လူရှေ့သူရှေ့ လွင့်မျောခွင့်မရှိတော့ဘူး ။

အခုဆို
ဘယ်သူက ဘယ်သူ့ကို ကြိုက်နေတာမှန်းတောင်
ငါတို့မသိနိုင်တော့ဘူး ။

- အောင်ခိုင်မြတ်
❤136😢10
August 18, 2026 8.1K 36