(၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်၊
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟑》
၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့်(၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာပြည်မြန်မာ” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲကိုမည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်သာယာလှပမှုများ၊ တိုင်းရင်းသားများ၏စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊နေရာဒေသနှင့် လူပုဂ္ဂိုလ်များစသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသောဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရပါမည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်းရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာဖြစ်ရမည်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မအရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD)ကို တစ်ပါတည်းပူးတွဲပေးပို့ရပါမည်။ ဒီဂျစ်တယ် နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်း ပြည်ပဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသောဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသောဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊သင်ခန်းစာပို့ချမှုများနှင့်ဗီဒီယိုများ၌ အသုံးပြုခြင်းကိုသဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ဓာတ်ပုံ၏အကြောင်းအရာ၊ရိုက်ကူးသည့်နေရာဒေသတို့ကို ဓာတ်ပုံများ၏နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးပို့ရမည်။ ကိုယ်တိုင်ရိုက်ကူးထားသောပုံဖြစ်ကြောင်းကတိပြုချက်ပါရှိရမည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၂၂/၂၄)၊ ပန်းဆိုးတန်းလမ်း(အောက်)၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း၀၁-၈၃၇၁၃၄၂၊ ၀၉- ၄၂၀၇၀၄၂၉၇ သို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအားပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ်လက်ခံမည်မဟုတ်ကြောင်း သိရသည်။
#mhtnews
Forwarded fromMyanmar Hard Talk

21
6
4
1
1September 3, 2026 1.3K