ငါဓားနတ်ဘုရားပြန်လာပြီး လူသားမျိုးနွယ်စုရဲ့ တစ်ဦးတည်းသော အဆင့် (၉)… — Ashz Donghua Burmese — TG.ME

ငါဓားနတ်ဘုရားပြန်လာပြီး

လူသားမျိုးနွယ်စုရဲ့ တစ်ဦးတည်းသော အဆင့် (၉) အထွတ်အထိပ် သိုင်းပညာရှင်— ဓားနတ်ဘုရား 'ကူချန်ဖုန်း' ဟာ ကောင်းကင်တံခါးဝကို နှစ်တစ်ထောင်တိုင်တိုင် စောင့်ကြပ်ခဲ့ပြီး နတ်ဆိုးမျိုးနွယ်တွေကို နယ်မကျွံရဲအောင် စွမ်းဆောင်နိုင်ခဲ့တယ်။

ဒဏ္ဍာရီလာ အဆင့် (၁၀) နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ကြိုးစားချိန်မှာတော့ သူဟာ သံယောဇဉ်နဲ့ အချစ်ကို ဖြတ်တောက်ထားခဲ့မှုကြောင့် စိတ်နှလုံးနတ်ဆိုး နှောင့်ယှက်ခြင်းခံရကာ အဆင့်တက်ခြင်းမှာ ကျရှုံးခဲ့ရတယ်။ သူ့ရဲ့ ရုပ်ခန္ဓာကိုယ် ပျက်စီးသွားခဲ့ပြီး ဝိညာဉ်အစအနတချို့နဲ့ မှတ်ဉာဏ်ပျောက်ဆုံးကာ သာမန်လူတွေကြားထဲ လေလွင့်သွားခဲ့တော့တယ်။

လောကီလူသားတို့ရဲ့ ဘဝကို ဖြတ်သန်းပြီးနောက်မှာတော့ သူ့ကို ဒုက္ခပေးနေတဲ့ စိတ်နှလုံးနတ်ဆိုး ကွဲကြေသွားပြီး မှတ်ဉာဏ်တွေ ပြန်လည်ရရှိလာခဲ့တယ်။ မှန်ပါတယ်။ သူဟာ ဟန်ဆောင်နေတဲ့ လူလိမ်တစ်ယောက် မဟုတ်ဘဲ အစစ်အမှန် ဓားနတ်ဘုရားကိုယ်တိုင် ဖြစ်နေခဲ့ပါတယ်
❤13
August 26, 2026 1.8K