ဥပဒေနဲ့ မနိုင်ရင်... လက်သီးနဲ့
ဖြေရှင်းမယ်ဆိုတဲ့
True Education
Webtoon လောကမှာ
စံချိန်တင် အောင်မြင်ခဲ့ပြီး
ပရိသတ်တွေကို အားရ
ကျေနပ်စေခဲ့တဲ့ မန်ဟွာတပုဒ်ပဲ
ဖြစ်ပါတယ်။
ဒီမန်ဟွာက ဘာကြောင့်
ဒီလောက် အောင်မြင်တာလဲ
Live Action ရုပ်ရှင်အဖြစ်
ရိုက်ကူးထားတာမှာရော ဘာတွေ
ကွာခြားသွားမလဲ။
ပထမဆုံးအနေနဲ့ True
Education ရဲ့ အဓိက အောင်မြင်မှု
ကတော့ Cathartic Justice ပဲ
ဖြစ်ပါတယ်။
စည်းမရှိကမ်းမရှိ၊ ဆရာတွေကို
မလေးစားဘဲ ထင်တိုင်းကျဲနေတဲ့
ကျောင်းသားဆိုးတွေကို TRPA
အဖွဲ့က ဝင်ရောက်ဆုံးမပုံတွေက
ဖတ်ရသူတိုင်းကို အလွန်တရာ
အားရကျေနပ်စေပါတယ်။
ဒါတင်မကသေးဘဲ
တောင်ကိုရီးယားရဲ့ လက်တွေ့
လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတဲ့
ဆရာ၊ ဆရာမတွေရဲ့ အခွင့်အရေး
ဆုံးရှုံးမှုနဲ့ အသက်မပြည့်သေးသူ
ပြစ်မှုဆိုင်ရာ ဥပဒေရဲ့ ဟာကွက်
တွေကို ရဲရဲဝံ့ဝံ့ ထောက်ပြထားတာ
ကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်
စားမှုကို အပြည့်အဝ ရရှိခဲ့တာပါ။
True Education ဟာဆိုရင်
webtoon version ရော Live
action မှာပါ အောင်မြင်မှုရရှိ
ခဲ့ပါတယ်
Manhwa ထဲမှာ သွေးထွက်သံယို
အရိုးကျိုးတဲ့အထိ ကြမ်းကြမ်း
တမ်းတမ်း ရိုက်နှက်ဆုံးမတာ
တွေကို တွေ့ရပေမယ့် LA မှာတော့
censorship ကြောင့် အနည်းငယ်
လျှော့ချပြီး ပြသခဲ့ပါတယ်။
ဇာတ်ကောင်တွေရဲ့ Aura မှာဆိုရင်
Manhwa ထဲက နာဟွာဂျင်ရဲ့
ထိတ်လန့်စရာ မျက်နှာအမူအရာနဲ့
ကြံ့ခိုက်သန်မာပြီးကြီးမားတဲ့
ခန္ဓာကိုယ်အချိုးအစားဟာ 2D
မို့လို့ ပိုပြီး ပုံကြီးချဲ့လို့ ရခဲ့တာပါ။
Live Action ရဲ့ သရုပ်ဆောင်တွေ
အနေနဲ့ ဒီလို အငွေ့အသက်မျိုး
ရအောင် သရုပ်ဆောင်ဖို့က
အတော်လေး စိန်ခေါ်မှုရှိခဲ့ပမဲ့
နာဟွာဂျင်ကာရိုက်တာကို သရုပ်
ဆောင်ခဲ့တဲ့ Kim Mu Yeol ကလည်း
သူ့ဇာတ်ရုပ်နဲ့ လိုက်ဖက်အာင်
သရုပ်ဆာင်ပြနိုင်ခဲ့ပါတယ်။
Webtoon ထဲမှာ TRPA က
ဥပဒေထက် ကျော်လွန်ပြီး
အကြမ်းဖက် ဖြေရှင်းခဲ့ပေမယ့်
Live Action မှာတော့ လက်တွေ့
ပိုဆန်အောင် ဥပဒေဘောင်
အတွင်းက အားပြိုင်မှုတွေကို
ပိုမို အသားပေး ရိုက်ကူးထား
တာကိုလည်းတွေ့ရပါလိမ့်မယ်။
ဘယ်လိုပဲ ကွာခြားချက်တွေ
ရှိပါစေ၊ True Education ရဲ့
အမှားလုပ်ရင် ထိုက်တန်တဲ့
ပြစ်ဒဏ် ခံရမယ်' ဆိုတဲ့
Message ကတော့ ပရိသတ်
တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
သေချာတာကတော့
True Education ဟာ
Action ပရိသတ်တွေ
လုံးဝ လက်မလွှတ်တမ်း
ဖတ်သင့်တဲ့ ဇာတ်လမ်း
တစ်ပုဒ်ပါပဲ
Aries မှာ စဆုံးဖတ်နိုင်ပါပြီ
#Shunn
#Aries_Translation


