တွေ ကြားမှာ ဘယ်လို
ရှင်သန်မလဲ?
Murim Manhwa တွေ
အများကြီး ဖတ်ဖူးတယ်ဆိုရင်
Overpowered ဖြစ်နေတဲ့
MC တွေ၊ System တွေ၊ Cheat
Skill တွေကို မကြာခဏ

တွေ့ဖူးပြီးသား ဖြစ်မှာပါ။
ဒါပေမဲ့ Chronicles of the
Demon Faction ကတော့
အဲဒီလို Manhwa တွေနဲ့ မတူဘဲ
ထူးခြားတဲ့ အရသာတစ်မျိုး

ပေးစွမ်းနိုင်တဲ့ Series တစ်ခုပါ။
ဇာတ်လမ်းအစမှာ Orthodox
Alliance ရဲ့ အကောင်းဆုံး
Assassin တစ်ယောက်ဖြစ်တဲ့
Chun Hajin ဟာ သစ္စာဖောက်ခံ
ရပြီး သေဆုံးသွားပါတယ်။
ဒါပေမဲ့ သူ မျက်လုံးပြန်ဖွင့်
လိုက်တဲ့အခါမှာတော့ Murim
တစ်ခုလုံးက ကြောက်ရွံ့ရတဲ့
Demon Cult ရဲ့ Third Young
Master ဖြစ်သူ Seo Ryang ရဲ့
ခန္ဓာကိုယ်ထဲမှာ ပြန်လည်နိုးထ
လာခဲ့ပါတယ်။
ပြဿနာကတော့ လူတိုင်းက
Seo Ryang ကို အထင်သေးနေ
ကြတာပါ။
သူ့ခန္ဓာကိုယ်က အားနည်းသလို
Qi စီးဆင်းမှုကလည်း ပုံမှန်
မဟုတ်ပါဘူး။
ဒါပေမဲ့ Chun Hajin အနေနဲ့
အသက်ရှင်သန်ဖို့ နှစ်ပေါင်းများစွာ
သင်ယူခဲ့ရတဲ့ အတွေ့အကြုံတွေ၊
သတိထားမှုတွေ၊ Assassin
တစ်ယောက်ရဲ့ စိတ်ဓာတ်တွေက
တော့ သူ့ထဲမှာ အပြည့်အဝ
ကျန်ရှိနေဆဲပါ။
ဒီ Manhwa ရဲ့ အားသာချက်က
MC ဟာ ဇာတ်လမ်းအစကတည်းက
အရာအားလုံးကို အလွယ်တကူ
အနိုင်ယူနိုင်တဲ့ Character
မဟုတ်တာပါပဲ။
သူ အနိုင်ရဖို့အတွက် ပိုပြီး
လေ့ကျင့်ရတယ်။
အသက်ရှင်ဖို့အတွက် ပိုပြီး
စဉ်းစားရတယ်။
ရှေ့ဆက်တက်လှမ်းဖို့အတွက်
ပိုပြီး စွန့်စားရတယ်။
အဲဒီအတွက်ကြောင့် သူ့ရဲ့
တိုးတက်ပြောင်းလဲလာပုံကို
ဖတ်ရှုရတာကငြီးငွေ့စရာ မကောင်း
သလို တစ်ပိုင်းပြီးတစ်ပိုင်း
စိတ်လှုပ်ရှားစရာကောင်းတယ်။
အဆင့်တက်လာတာကိုပဲ
မြင်ရတာမဟုတ်ဘဲ အခက်အခဲ
တိုင်းကနေ သင်ယူပြီး ပိုမို
ထက်မြက်လာတဲ့ပုံကိုပါ
တွေ့မြင်ရမှာပါ။
နောက်ထပ် စိတ်ဝင်စားစရာ
ကောင်းတဲ့အချက်က Demon
Cult ရဲ့ Setting ကို အသေအချာ
Detail ကျကျ ဖန်တီးထားတာပါ။
အတွင်းရေး နိုင်ငံရေးကစား
ကွက်တွေ၊ အာဏာလုပွဲတွေ၊
ညီအကိုတွေကြား ပြိုင်ဆိုင်မှု
တွေက ဇာတ်လမ်းကို ပိုမို
တင်းမာစေပါတယ်။
ဘယ်သူ့ကို ယုံကြည်ရမလဲ
မသိနိုင်တဲ့ အခြေအနေတွေ
ကြားမှာ MC က အန္တရာယ်တိုင်းကို
သတိထားရင်း တစ်လှမ်းချင်း
ရှေ့ဆက်သွားပုံက တော်တော်ကို
စိတ်ဝင်စားဖို့ကောင်းပါတယ်။
အထူးသဖြင့် Heavenly Demon
ပေါ်လာတဲ့ Scene တွေဆိုရင်တော့
သူ့ရဲ့ Aura တစ်ခုတည်းနဲ့တင်
ဇာတ်ဝင်ခန်းတစ်ခုလုံးကို လွှမ်းမိုး
နိုင်တဲ့အထိ အားကောင်းပါတယ်။
Action ပိုင်းလဲကောင်းတယ်။
Character Development
ပိုင်းကတော့ ပြောစရာမလိုတဲ့အထိ
ကောင်းတယ်။
World Building ကလဲ ရှယ်ပါပဲ။
Art Quality ဆိုရင် Detail ကျကျ
ဖန်တီးထားလို့ မြက်ခင်းပြင်တွေ
တရိစ္ဆာန်တွေရဲ့ လှုပ်ရှားမှုကိုရေးဆွဲ
ထားတာကစ အတော်ကို သေသပ်တယ်။
Murim Fan တစ်ယောက်ဆိုရင်
Chronicles of the Demon
Faction ကို လုံးဝ လက်မလွှတ်
သင့်ပါဘူး။
တစ်ပိုင်း ဖတ်ပြီးတာနဲ့
နောက်တစ်ခန်းကို ဆက်ဖတ်ချင်
လာမယ့် Manhwa မျိုးဖြစ်တဲ့
အတွက်ကြောင့် စတင်ဖတ်လိုက်ရင်
ရပ်ဖို့တောင် ခက်သွားနိုင်ပါတယ်။
#Ronin
#Aries_Translation


