စကမမှ စစ်ယှောင်စခန်းများအား ဂျက်တိုက်လီယာဉ်အုပ်စုလိုက်ဖြင့် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နီပြီး စစ်ရာဇဝတ်မှုများကို ဆိုးဝါးစွာ ဆက်တိုက် ကျူးလွန်နီကြောင်း အာရက္ခတပ်တော် ထုတ်ပြန်
APM၊ အောက်တိုဘာ ၆ / ၂၀၂၆
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်သည် စစ်ဖီးယှောင်(IDP)စခန်းများအား ဂျက်တိုက်လီယာဉ်အုပ်စုလိုက်ဖြင့် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နီပြီး စစ်ရာဇဝတ်မှုများကို ဆိုးဝါးစွာဆက်တိုက်ကျူးလွန်နီကြောင်း အာရက္ခတပ်တော်(AA)မှ အောက်တိုဘာ ၅ ရက်နိ၌ သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်အတွင်း "ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်သည် အာရက္ခပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုနန့် ယိုးငူရွာကြားဟိ ဗျာလစစ်ဖီးယှောင် (IDP) စခန်းအား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နိတွင် ဂျက်တိုက်လီယာဉ် (၂) စီးဖြင့် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခမှုကြောင့် အပြစ်မဲ့ စစ်ဖီးယှောင် အရပ်သားပြည်သူ (၆) ဦးသီဆုံးခပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာ ရဟိခကတ်သည်" ဟုဖော်ပြထားသည်။
အဆိုပါဒဏ်ရာရဟိသူများထဲမှ (၅) ဦးမာ ပြင်းထန်ဒဏ်ရာရဟိခသည့်အပြင် စစ်ဖီးယှောင်များနီထိုင်သည့် အိမ်ခန်းများ၊ အသုံးအဆောင်ပစ္စည်းများအပါအဝင် ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ် အများအပြားမာ မီးလောင်ဆုံးယှုံးခသည်ဟု ဆိုသည်။
အလားတူ ဗျာလစစ်ဖီးယှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ပြီး နောက်တရက်ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နိတွင်လည်း ပန်းနီလာရွာ စစ်ဖီးယှောင် (IDP) စခန်းနန့် ၎င်းစခန်းအတွင်းဟိ စေတနာ အာရက္ခပြည်သူ့အကျိုးပြုဆီးခန်းရို့အပြင်အောင်ဖြူပြင်ရွာရို့ကိုလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဂျက်တိုက်လီယာဉ်အုပ်စုလိုက်ဖြင့် နာရီဝက်နီးပါးကြာ အတွဲလိုက် Cluster ဗုံးများနန့် ပေါင် (၃၀၀) ဗုံးများဖြင့် အကြမ်းဖက်တိုက်ခိုက်ခသည်ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။
အဆိုပါ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပန်းနီလာရွာ စစ်ဖီးယှောင်စခန်းဟိ စေတနာ အာရက္ခပြည်သူ့အကျိုးပြု ယာယီဆီးခန်းပျက်စီးလားခပြီး ၎င်းဆီးခန်းဟိ သူနာပြု အလုပ်သင်ဆီးဝန်ထမ်းတဦးဖြစ်သူ မခိုင်သဇင်စိုး (၁၈ နှစ်) နှစ်မာ ဦးဂေါင်းတွင် ဗုံးစထိမှန်ခပြီး ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနီစဉ် များမကြာမီ သီဆုံးလားခသည်။
ယင်းအပြင် အောင်ဖြူပြင်ရွာတွင် ပုဏ္ဏားကျွန်းမှလာရောက် စစ်ဖီးယှောင်နီကတ်သည့် ဒေါ်လှမေသိန်း (၅၄ နှစ်)မာ ဦးခေါင်းကို ဗုံးစထိမှန်ပြီး နီရာတွင်ပင် ပွဲချင်းပြီးသီဆုံးလားခပြီး နောက်ထပ် စစ်ဖီးယှောင်တဦးဖြစ်သည့် ဦးညီချေ (၆၃ နှစ်)မာ ရင်ဘတ်နန့် ခြီထောက်ရို့တွင် ဒဏ်ရာများရဟိလားခကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အထိန်းအကွပ်မဟိ ငရဲခွီးထက်ဆိုးသည့် မိုက်ကန်းသောစိတ်ထားဖြင့် လူမျိုးမရွီး၊ ဘာသာမရွီး အပြစ်မဲ့အရပ်သားပြည်သူလူထု၊ ရဟန်းသံဃာ၊ ကိုယ်ဝန်ဆောင်၊ အချေသူငယ်များပါမချန် ၎င်းရို့အားလုံးအပေါ် အကြမ်းဖက် လီကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ်ပြုလုပ်လာနီသောကြောင့် ဒေဂုရက်များအတွင်း လီကြောင်းရန်ကို အချိန်တိုင်း၊ စက္ကန့်တိုင်း အမြဲသတိထားကတ်ရန် ထုတ်ပြန်ချက်မှတဆင့် အထူးတိုက်တွန်းထားသိမ့်သည်။
ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နိတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာ စစ်ဖီးယှောင်(IDP) စခန်းနန့် အောင်ဖြူပြင်ရွာရို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဂျက်တိုက်လီယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခမှုကြောင့် အပြစ်မဲ့ စစ်ဖီးယှောင် အရပ်သားပြည်သူများ သီဆုံး ဒဏ်ရာရဟိမှုနန့် ဆီးခန်းပျက်စီးမှု မှတ်တမ်းဓာတ်ပုံတချို့(AA Info Desk)
6
3
2
1
1October 6, 2026 2.1K