လာအိုတွင် စပ်တမ်ဘာလအတွင်း အွန်လိုင်းလိမ်လည်သူ ၂၀၀ ကျော် ဖမ်းမိ APM၊… — Arakan Princess Media — TG.ME

လာအိုတွင် စပ်တမ်ဘာလအတွင်း အွန်လိုင်းလိမ်လည်သူ ၂၀၀ ကျော် ဖမ်းမိ

APM၊ စပ်တမ်ဘာ ၂၃ / ၂၀၂၆

လာအိုနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုနန့် ဆိုက်ဘာရာဇဝတ်မှုများကို ရဲတပ်ဖွဲ့ကဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခရာ ဒေလ၊ စပ်တမ်ဘာလအတွင်း သံသယဟိသူ၂၀၀ ကျော်ကို ဖမ်းဆီးမိခကြောင်း သိရသည်။

စပ်တမ်ဘာ ၁၈ ရက်နိက ချမ်ပါဆက်ပြည်နယ်၊ Bachiang Chaleunsouk ခရိုင်၊ ဟွာဆဲရွာဟိ ငှားရမ်းထားသည့်နီအိမ် တလုံးတွင် သံသယဟိဖွယ် ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းများ လုပ်ကိုင်နီကြောင်း သတင်းပီးတိုင်ကြားချက်အရ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခရာ တရုတ်နိုင်ငံသား ၂၂ ယောက်နန့် လာအိုနိုင်ငံသား ၁ ယောက် စုစုပေါင်း ၂၃ ယောက်ကို ဖမ်းဆီးမိခသည်ဟုဆိုသည်။

အဆိုပါစီးနင်းမှုအတွင်း Desktop ကွန်ပျူတာ ၄၉ လုံး၊ မိုဘိုင်းဖုန်း ၂၃၇ လုံး၊ ကွန်ပျူတာ Processor ၂၇ ခုနန့် Voltage Stabilizer ၇ ခုကို သိမ်းဆည်းခကြောင်း သိရသည်။

ဗီယန်ကျန်းမြို့ဟိ Eastin၊ La Sen၊ Inthad နန့် Minta Hotel ၄ ခုကိုလည်း စပ်တမ်ဘာ ၁၆ ရက်နိက စီးနင်းရာ ထိုင်းနိုင်ငံသား ၄၀ ယောက်နန့် တရုတ်နိုင်ငံသား ၁ ယောက် အပါအဝင် နိုင်ငံခြားသား ၄၁ ယောက်ကို ဖမ်းဆီးခပြီး မိုဘိုင်းဖုန်းများ၊ Laptop များနန့် အခြားအီလက်ထရွန်နစ်ပစ္စည်းများကို သိမ်းဆည်းမိခသည်ဟုဆိုသည်။

စပ်တမ်ဘာ ၁၂ ရက်နိကလည်း ငှားရမ်းထားသည့် နီအိမ် ၂ လုံးကို စီးနင်းမှုတွင် လူ ၁၃ ယောက်နန့်  စိတ်ကြွဆီးပြား ၁,၄၉၄ ပြားကိုလည်း ဖမ်းဆီးသိမ်းဆည်းခသည်။

ယင်းအပြင် စပ်တမ်ဘာ ၆ ရက်နိကစီးနင်းမှုတွင် အွန်လိုင်းလိမ်လည်သူ ၄၃ ယောက်၊ စပ်တမ်ဘာ ၅ ရက်နိက စီးနင်းမှုတွင် ၂ ယောက်ကို ဖမ်းဆီးခသည်။

ဩဂတ်စ် ၂၈ ရက်နိက ဆိုင်းဆက်သာခရိုင်ဟိ Mangrove Hotel နန့် Glory တိုက်ခန်းရို့တွင် စီးနင်းမှုအတွင်း မမ ၅၇ ယောက်အပါအဝင် ထိုင်းနိုင်ငံသား ၁၂၉ ယောက်ကို ဖမ်းဆီးခပြီး ၎င်းရို့ကို စပ်တမ်ဘာ ၂၀ ရက်နိတွင် ဗီယန်ကျန်းမြို့ဟိ လာအို-ထိုင်း ချစ်ကြည်ရီးတန်းထားအမှတ် (၁) မှတဆင့် ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပီးခသည်။

လာအိုအာဏာပိုင်များ၏ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်အစပိုင်းမှစတင်၍ အွန်လိုင်းလိမ်လည်မှုနန့် ဆက်စပ်သည်ဟု သံသယဟိသူ ၆,၂၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဂျူလိုင်နန့် ဩဂတ််စ်လများတွင် တလလျှင် လူ ၁,၀၀၀ ခန့်ဖမ်းဆီးခကြောင်း သိရသည်။

Source-Latest Scam Center Raids Hit Vientiane, Champasak with Nearly 100 Arrests/The Laotian Times

Photo-The Laotian Times
👍5👎1
September 23, 2026 2.2K 1