သာလီစွ မိုးထဖက်ပါ ..
ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၉) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၆) ရက်၊ Arakan Princess Media ၏ မိုးထဖက်သတင်းအစီအစဉ် တိကိုတင်ဆက်ထုတ်လွှင့်ပီးလိုက်ပါရေ။
ဒေနိ မိုးထဖက်အစီအစဉ်မာ စောသန္တာ နန့် မြရိပ်ညို ရို့ကသတင်းတိကိုတင်ဆက် ပီးထားကတ်စွာဖြစ်ပါရေ။
ဒေနိ မိုးထဖက်အစီအစဉ်မာ နားထောင်ကတ်ရဖို့ သတင်းတိကတော့ခါ --------
(၁) အာရက္ခတပ်တော်ပါးမာ ကိုယ့်ဆန္ဒနဲ့ စစ်မှုထမ်းဖို့ရောက်ဟိလာရေ အ သက်မပြည့်သိမ့်ရေ လူငယ်တယောက်ကို (ULA/AA)က ထပ်လို့ မိသားစုပါးကို အပ်နှံ ရေ သတင်း၊
(၂) ကျောက်ဖြူခရိုင်အတွင်း ဝီးလံခေါင်ဖျားရေရွာတိကို အာရက္ခပြည်သူ့ကျန်းမာရီးဌာနက ကျန်းမာရီး စောင့်ယှောက်မှုတိပြုလုပ်နီရေပြည်တွင်းသတင်း အပါအဝင် တခြားထူးခြားရေ ပြည်ပသတင်းတိ နန့် အားကဇတ် သတင်းတိကို တင်ဆက်ပီးထားပါရေ။
Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel အပြင် YouTube ,Facebook ရို့မာဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 MHz က ဖမ်းယူနားထောင်နိုင်ပါရေ။
Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမာ ပုံမှန်ထုတ်လွှင့် တင်ဆက်ပီးနီပါရေ။
အာရက္ခပြည်သူ ပြည်သားရို့အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။
#APM
# အာရက္ခမင်းသမီးသတင်းမီဒီယာ
#APMFM
===============
YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ
Telegram Channel Link: https://t.me/arakanprincess
7September 6, 2026 1K