ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွင် အစ္စလာမ်မစ်အစွန်းရောက်စစ်သွီးကြွ… — Arakan Princess Media — TG.ME

ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွင် အစ္စလာမ်မစ်အစွန်းရောက်စစ်သွီးကြွ အကြမ်းဖက် RSO နန့် ARA အဖွဲ့ရို့အကြား ပစ်ခတ်မှုအတွင်း အချေ ၁ ယောက် သီဆုံးပြီး ၇ ယောက် ဒဏ်ရာရ

APM ၊ သြဂတ်စ် ၂၉ / ၂၀၂၆

ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ ဘာလုခါလီ မူဆလင်ဒုက္ခသည်စခန်းတွင် သြဂတ်စ် ၂၇ ရက်နိ၊ ညဇာပိုင်းက အစ္စလာမ်မစ်အစွန်းရောက် စစ်သွီးကြွ အကြမ်းဖက် အဖွဲ့များဖြစ်သော RSO နန့် ARA အဖွဲ့ရို့အကြား ပစ်ခတ်မှုအတွင်း အချေတယောက် ကျည်ထိမှန်သီဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရဟိလားကြောင်း သိရသည်။

သီဆုံးခသူမာ ငါးနှစ်အရွယ် Mojahed ဖြစ်ပြီး ၎င်း၏ မိခင်ဖြစ်သူ Tahera Begum အပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရဟိခကြောင်း ဘင်္ဂလားဒေ့ချ်သတင်းဌာန Dhaka Tribune သတင်းတွင် ဖော်ပြထားသည်။

ဘာလုခါလီဒုက္ခသည်စခန်း၊ အမှတ် - 8E၊ Block - 41 တွင် ဩဂတ်စ် ၂၇ ရက်နိ၊ ညဇာ ၅ နာရီခန့်၌ အစ္စလာမ်မစ်အစွန်းရောက်စစ်သွိးကြွ RSO အကြမ်းဖက် အဖွဲ့ဝင်များမှ တခြားအစ္စလာမ်မစ်အစွန်းရောက်စစ်သွီးကြွ အကြမ်းဖက်အဖွဲ့ဖြစ်သော ARA အဖွဲ့၏ ဂေါင်းဆောင် နော်ဘီဟူဆောင်းနီအိမ်ကို လာရောက်ပစ်ခတ်ခခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အနီးအနားတွင်ဟိနီသည့် အချေ ၂ ဦး သီဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရဟိခကြောင်း ကနဦးသတင်းများတွင် ဖော်ပြခသည်။

သို့ရာတွင် ဘင်္ဂလားဒေ့ချ်အထူးရဲတပ်ရင်း (APBn) ဒုတိယတပ်မှူး Asaduzzaman က အဆိုပါဖြစ်ရပ်ကို အတည်ပြုထားပြီး သီနတ်ပစ်ခတ်မှုအတွင်း ကျည် ၁၀၀ ခန့်ပစ်ခတ်ခကြောင်း၊ ထိခိုက်ဒဏ်ရာရဟိခသည့် Mojahed ကို Sadar ဆီးရုံသို့ ခေါ်ဆောင်ကာ ဆီးကုသနီစဥ် သီဆုံးခကြောင်း ပြောကြားသည်။

ထိခိုက်ဒဏ်ရာရခသူ ၇ ဦးထဲတွင် သီဆုံးခသည့်အချေ၏မိခင် အပါအဝင် အမျိုးသမီး ၃ ဦးပါဝင်ပြီး ၎င်းရို့အား ကော့ဇ်ဘဇားခရိုင်ဟိ Sarder ဆီးရုံမှတဆင့် စစ်တကောင်းဆီးကောလိပ်ဆီးရုံသို့ပို့ဆောင်ကုသနီကြောင်း သိရသည်။

ဘင်္ဂလားဒေ့ချ်ဟိ မူဆလင်ဒုက္ခသည်စခန်းများတွင် အစ္စလာမစ်အစွန်းရောက် စစ်သွီးကြွ အကြမ်းဖက်အဖွဲ့များဖြစ်သော ARSA၊ RSO ၊ ARA နန့် RIM အဖွဲ့များသည် ဝင်ရောက်ခြီကုပ်လှုပ်ယှားလျက် ပြန်ပီးဆွဲသတ်ဖြတ်ခြင်း၊ ငွေညှစ်ခြင်း၊ မူးယစ်ဆီးဝါးရောင်းဝယ်ခြင်းနန့် အကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်နီကတ်ရာမှ အချင်းချင်း အာဏာလုမှုများ၊ နယ်မြီလုမှုများကြောင့် လုပ်ကြံသတ်ဖြတ်မှုများ မကြာမကြာဖြစ်ပွားနီခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ချ်အာဏာပိုင်များအနီဖြင့် အဆိုပါ ဒုက္ခသည်စခန်းများအတွင်း ဝင်ရောက်လှုပ်ယှားနီသည့် အကြမ်းဖက်စစ်သွီးကြွအဖွဲ့များအား ဝင်ရောက်ယှင်းလင်းပီးရန်၊ ပြစ်မှုကျူးလွန်သူများကို အရေးယူပီးရန်နန့် စခန်းအတွင်းနီထိုင်သူများ၏ လုံခြုံရီးကိုကာကွယ်ပီးရန် မူဆလင်ဒုက္ခသည်များက အပြင်းအထန် တောင်းဆိုနီကတ်ပြီး အကြမ်းဖက်မှုမျိုးစုံကိုကျူးလွန်နီသည့် မည်သည့်အစ္စလာမ်မစ်အစွန်းရောက်စစ်သွီးကြွအ​​ကြမ်းဖက်အဖွဲ့ကိုမဆို မလိုလားကြောင်း ပြတ်ပြတ်သားသား ဖော်ထုတ်ပြောကြားနီမှုများ မြင့်တက်နီသည်။

Photo - Original Uploader
❤5👍2🎉2
August 29, 2026 1.7K 3