ဇတ်လမ်းပုံစံကတော့ အန္ဒိယ နိုင်ငံကို အင်္ဂလိပ်လူဖြူတွေကကျွန်အရောင်းအ၀ယ်… — Anime World — TG.ME

Forwarded fromMAMain movie channel
ဇတ်လမ်းပုံစံကတော့ အန္ဒိယ နိုင်ငံကို အင်္ဂလိပ်လူဖြူတွေကကျွန်အရောင်းအ၀ယ် ကုန်သွယ်မှုတွေ
အပြင် တစ်ဖြေးဖြေး စီးနင်းလာတဲ့အခါမျိုးချစ်စိတ် ရှိတဲ့ ဘုရင့်အမျိုးအနွယ်တွေက ပုန်ကန်ဖို့ လုပ်ကြပါတယ်။

ဒါပေမဲ့ အရမ်းလည်လွန်းတဲ့ လူဖြူ အရာရှိ
ကလိုက်ဖ် က အတော်များများကို
သတ်ပစ်ခဲ့ပါတယ်။

အဲ့ဒီထဲကမှ ဘုရင်ကြီး တစ်ပါးရဲ့ သမီးဖြစ်သူ ဇာဖီရာ ဟာလူယုံတော်ကြီး အာဇတ် နဲ့ အတူ လွတ်မြောက်သွားခဲ့ပါတယ်။

နှစ်ပေါင်းအတော်ကြာတဲ့ အခါ ပင်လယ်ဓါးမြကြီး
ပုန်ကန်သူ အာဇတ် နဲ့အဖွဲ့ဖြစ်ပေါ်လာပြီး အင်္ဂလိပ်အစိုးရကို သွေးလန့်စေခဲ့ပါတော့တယ်။

အင်္ဂလိပ်အစိုးရကလဲ သူတို့ အချုပ်အခြာအာဏာ တည်မြဲရေးအတွက်အာဇတ် ကို ဖမ်းမိရဖို့အတွက် အတော်ဆုံးလူလိုက်ရှာတဲ့အခါမှာတော့

ပိုက်ဆံကလွဲပြီး ဘာမှ မသိ ပိုက်ဆံသာဘုရားသခင် လို့ မှတ်ယူထားတဲ့ဖီရန်ဂီ နဲ့ စတင် တွေ့တော့တာပါပဲ...

ဖီရန်ဂီ ရဲ့ ပလန် နဲ့ အာဇတ် ကိုဖမ်းမိဖို့ ကြိုးစားကြတဲ့အခါမှာတော့....



Movie Link
https://t.me/MovieMyanmar2172/7921
September 2, 2026 152