Anime World: post #3246 — TG.ME

Forwarded fromMAMain movie channel
Fireheart (2022)

မိန်းကလေးဆိုတာ မီးသတ်သမားလုပ်လို့ မရဘူးလေ"
"အဲ့ဒါက စည်းမျဥ်းနဲ့ မညီဘူး"
အဲ့စကားလေးတွေက အဖေတစ်ယောက်က မီးသတ်သမားသိပ်ဖြစ်ချင်တဲ့ သူ့သမီးကို ပြောလိုက်တဲ့ စကားပါ။
ဘယ်လိုပဲ ကျားမတန်းတူအခွင့်အရေးလို့ ပြောနေကြပါစေ
လူတွေရဲ့ စိတ်ထဲမှာ အမျိုးသမီးတွေဆိုရင် အားနည်းတယ်လို့ မြင်နေကြသလို
အလုပ်ခွင်မှာလည်း တန်းတူအခွင့်အရေး ရတာနည်းပါတယ်။
ဒီ ကာတွန်းကားလေးကတော့ မိန်းကလေးတွေလည်း
မီးသတ်သမားလို သက်စွန့်စံဖျား အလုပ်တွေမှာ ရဲဝံ့စွာ လုပ်နိုင်ကြောင်း မီးမောင်းထိုး ရိုက်ကူးပြထားပါတယ်။



Movie Link
https://t.me/MovieMyanmar2172/7891
August 30, 2026 255