Rob-B-Hood (20/06) 📱IMDb Rating ___6.6/10 ဒီနေ့မှာတော့… — Anime World — TG.ME

Forwarded fromMAMain movie channel
Rob-B-Hood (20/06)


📱IMDb Rating ___6.6/10

ဒီနေ့မှာတော့ ဂျက်ကီချန်းရဲ့ ဟာသကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကျဥ်းကတော့
ထောန် နဲ့ ရေဘဝဲတို့သူငယ်ချင်းနှစ်ယောက်က သူခိုးတွေဖြစ်ပြီး သူတို့ဆရာ Landlord နဲ့အတူတူ ဖောက်ထွင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ်

ထောန်က လောင်းကစားဝါသနာပါပြီး ရေဘဝဲကတော့ သူ့ဇနီးကွယ်ရာမှာ ချမ်းသာတဲ့ မိန်းမတွေနဲ့ ဖောက်ပြန်တတ်သူ ဖြစ်ပါတယ်

တစ်နေ့ သော့ဝိဇ္ဇာ Landlord ကိုယ်တိုင် အိမ်မှာစုဆောင်းထားသမျှ ပိုက်ဆံတွေ အခိုးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်လာ ၇ သန်းတန် မစ်ရှင်တစ်ခုကို လုပ်ဖို့ ထောန်နဲ့ ရေဘဝဲကို စည်းရုံးရပါတော့တယ်

အဲဒီမစ်ရှင်က မာဖီးယားခေါင်းဆောင်တစ်ယောက်ရဲ့ မြေးဖြစ်သူ ယူဆရတဲ့ “မွေးကင်းစကလေး” တစ်ယောက်ကို ပြန်ပေးဆွဲပြီး မာဖီးယားခေါင်းဆောင်ဆီ သွေးစစ်ဖို့ ပို့ဆောင်ပေးရမှာပါ

ဒီကနေ ထောန်နဲ့ ရေဘဝဲတို့က ကလေးကို ပြုစုစောင့်ရှောက်ရင်း မေတ္တာသက်ဝင်သွားတဲ့အခါမှာ ကလေးလေးကို ဘယ်လိုအဆုံးထိ နှစ်ယောက်သား ကာကွယ်သွားကြမလဲဆိုတာကိုတော့ …


Movie Link
https://t.me/MovieMyanmar2172/7874
August 28, 2026 444 1