အင်ပါယာရဲ့အမှောင်ဘက်ခြမ်းက ပျောက်ဆုံးနေတဲ့ကံကြမ္မာ” 07-Ghost (MMSUB)… — Anime World — TG.ME

“အင်ပါယာရဲ့အမှောင်ဘက်ခြမ်းက ပျောက်ဆုံးနေတဲ့ကံကြမ္မာ”

07-Ghost (MMSUB)

Episode 1 to 25

Genres: Fantasy, Action, Supernatural, Military

စစ်တပ်နဲ့ နိုင်ငံရေးအာဏာတွေကြားက အင်ပါယာကြီးရဲ့ အမှောင်ဇာတ်လမ်း၊ အတိတ်လျှို့ဝှက်ချက်တွေကို ဖြည်းဖြည်းချင်း ဖော်ထုတ်သွားမဲ့ဇာတ်လမ်းမျိုးပါ။ သူငယ်ချင်းသံယောဇဉ်၊ သစ္စာဖောက်မှုနဲ့ ကံကြမ္မာကို အဓိကထားတဲ့ဇာတ်အိမ်မျိုးကို ဆွဲဆောင်မှုရှိရှိနဲ့ တင်ဆက်ထားပါတယ်...

Barsburg အင်ပါယာကြီးရဲ့ စစ်သင်တန်းကျောင်းမှာ တက်နေတဲ့ Teito Klein ကတော့ ကျောင်းသားတွေအားလုံးထဲမှာ အလားအလာအရှိဆုံးနဲ့ အတော်ဆုံးသူတစ်ယောက်ပါ။ ဒါပေမယ့် သူက ကျွန်တစ်ယောက်ဖြစ်ခဲ့တာကြောင့် အများရဲ့ အထင်သေးမှုကိုတော့ ခံနေရပါတယ်။ အတိတ်က အဖြစ်အပျက်တွေကို မမှတ်မိတော့ပေမယ့် သူ့ဘေးမှာတော့ Mikage ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက် ရှိနေခဲ့ပါတယ်။ တစ်ရက်မှာတော့ နောက်ဆုံးစာမေးပွဲကြီးအတွက် ပြင်ဆင်နေစဉ် Teito တစ်ယောက် သူ့အတိတ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားခဲ့ပါတယ်။
Review crd

ဇာတ်ကားကြည့်ရန် Link ⬇️⬇️⬇️⬇️⬇️

https://t.me/animecartoon112001/2112
September 6, 2026 930 5