“ကြွေရွက်ဝါတို့ရဲ့ နေဝင်ချိန်ခရီးသည်”

The Last Blossom [၂၀၂၅]
(Housenka)🇯🇵
ဒီ Anime ဇာတ်ကားသစ်လေးကတော့ တခြား Anime ကားတွေလို အက်ရှင်၊ စွန့်စားခန်း ဘာညာမဟုတ်ပဲ ဘဝသရုပ်ဖော် ဒရမ်မာကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ သာမန်ဇာတ်ကားမျိုး မဟုတ်ဘဲ လူတစ်ယောက်ရဲ့ ဘဝနေဝင်ချိန်မှာ ကျန်ရစ်တဲ့ နောင်တ၊ အချစ်နဲ့ ခွင့်လွှတ်ခြင်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ထဲစွဲကျန်အောင် တင်ဆက်ပြသသွားတာမို့ မိုးအေးအေးညလေးနဲ့ လိုက်ဖတ်လှပါကြောင်း...
Genres: Human Drama, Slice of Life, Crime, Fantasy
ဇာတ်လမ်းလေးက ထောင်ကျနေတဲ့ ယာကူဇာဟောင်း ဘိုးတော်ကြီးတစ်ယောက်နဲ့ ထူးထူးခြားခြား လူစကားတွေပြောနေတဲ့ ဒန်းပန်းလေးကနေ စတင်ထားပါတယ်။ ၂ ဦးသားစကားတွေပြောရာကနေမှ ယာကူဇာဘိုးတော်ကြီးဟာ သူ့ဘဝဟောင်း ဇာတ်လမ်းဟောင်းလေးတွေကို ပြန်လည်တမ်းတ လွမ်းဆွတ်တဲ့အနေနဲ့ အတိတ်က အဖြစ်အပျက်တွေတစ်လှည့် လက်ရှိသူတို့နှစ်ယောက်တစ်လှည့်နဲ့ ပုံဖော်ထားတာမျိုးပါ။ ဒီယာကူဇာကြီးဟာ သူနဲ့ ကိုယ်ဝန်ရထားတာမဟုတ်ပဲ သူ့ထက် အသက်ငယ်တဲ့ သူချစ်ရတဲ့ ကောင်မလေးတစ်ယောက်ကို ကလေးနဲ့အတူ အိမ်ပေါ်ကို ခေါ်တင်ထားတယ်၊ စောင့်ရှောက်ပေးထားတယ်။ အဲဒီကနေ ဒီယာကူဇာအလုပ်တွေလုပ်ရင်းနဲ့ ဒီ အကျဉ်းထောင်ထဲကို ဘယ်လိုရောက်လာသလဲဆိုတာကို သူတို့ချင်း စကားပြော၊ အတိတ်ကို ပြန်ပြရာကနေတစ်ဆင့် ခံစားပြီး ကြည့်သွားရမယ့် တေးသွားလို နူးညံ့လှပေမဲ့ မိုးရေစက်တွေလို အထီးကျန်အေးစက်စေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ...
Private ချန်နယ်လေးမို့ အရင်ဂျွိုင်းပြီးမှ anime ကြည့်ရန်ဆိုတာလေး နှိပ်ပေးပါဗျ
- ချန်နယ်အရင် ဂျွိုင်းရန်
https://t.me/+qQC1PfGnAGM0Mzc1
- Anime ကြည့်ရန်
https://t.me/c/2565444214/545
Manga, Mahwa တွေ mmsubဖတ်ချင်ရင်နှိပ်ပါ
ဆက်သွယ်စုံစမ်းနိုင်ပါသည်။
