☸️ ကိုယ့်စိတ်ကို ထိန်းနိုင်သူက ကိုယ့်ဘဝကို စောင့်ရှောက်နိုင်ပါတယ်
အခက်အခဲကြုံတဲ့အခါ
တစ်စုံတစ်ယောက်က လာပြီး ကိုယ့်ဘဝကို ပြောင်းလဲပေးမယ်လို့ မျှော်လင့်မိတတ်ပါတယ်။
ဒါပေမယ့် ဗုဒ္ဓမြတ်စွာဘုရားက
မိမိသည်သာ မိမိ၏ အားကိုးရာဖြစ်ကြောင်း၊
မိမိကိုယ်ကို ကောင်းစွာ ဆုံးမထိန်းသိမ်းနိုင်ပါက ရခဲသော အားကိုးရာကို ရရှိနိုင်ကြောင်း ဟောကြားထားပါတယ်။
အပြင်က အကူအညီတွေက အရေးကြီးပေမယ့်
ကိုယ့်စိတ်၊ ကိုယ့်အကျင့်နဲ့ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တိုင် မပြင်မချင်း ဘဝက အမှန်တကယ် မပြောင်းလဲနိုင်ပါဘူး။
ကိုယ့်ကိုယ်ကို အနိုင်ယူနိုင်ခြင်းဟာ ကိုယ့်ဘဝအတွက် အခိုင်မာဆုံး အားကိုးရာတစ်ခု ဖြစ်ပါတယ်။
#ဓမ္မပဒ၊ ဂါထာ ၁၆၀
#အနန္ဒ
49September 1, 2026 2.7K 1