တကယ့်မေးခွန်းက crypto ကို တိုက်ခန်းဝယ်သလိုဝယ်ပြီး တိုက်ခန်းငှားသလို cashflow ရအောင်လုပ်လို့ မရဘူးလားဆိုတဲ့ မေးခွန်း။ ဘဏ်အပ်ပါဆိုတာတွေ၊ Liquidity Pool ထဲထည့်ပါဆိုတာတွေ Option Trade ပါဆိုတာတွေ အဖြေရတယ်။ တစ်ခုမှ ရေရေရာရာသဘောမကျဘူး။ ဘဏ်တိုးကလည်း နည်းတယ်၊ မက်လောက်စရာ မရှိဘူး၊ Liquidity Pool ကျတော့လည်း တောက်လျှောက်စောင့်ကြည့်ပြီး Management လုပ်ရမှာမျိုးဆိုတော့ လူပင်ပန်းတယ်။ ခေါင်းနောက်တယ်။ Risk ကလည်း ရှိသေးတယ်။ ဝယ်ထားပြီး ဘဏ်တိုးယူတာကမှ Capital Gain ရပြီး အာရုံနောက်သက်သာတယ်လို့ မြင်တယ်။ ကိုယ်ပေးရတဲ့ Energy နဲ့ ပြန်ရမယ့် Profit မတန်ဘူးလို့မြင်တယ်။ Profit သာပြောတာ၊ Loss လည်း ဖြစ်နိုင်တာပဲ။ Option Trading ကျတော့လည်း Buy ကျတော့ Premium ကြေးက ရှုံးပြီးသား၊ Sell ကျတော့လည်း Risk က unlimited၊ TP/SL ပေးလို့တော့ ရပါတယ်။ ဒါပေမယ့် SL ထိနိုင်ချေ ရှိနေတုန်းပဲ။ နောက်ပြီး Trading Pattern ကလည်း ရိုးရိုး Trading နဲ့တူတယ်လို့ မခံစားရဘူး။ Option ရဲ့ Risk Reward Management ကို ဘယ်လို Control လုပ်ရမလဲဆိုတာကို ကိုယ်သဘောမပေါက်သေးတာလဲ ပါမှာပေါ့။
ဒါပေမယ့် Coin-Margin Options ကျတော့ မတူတော့ဘူး။ တက်တက်ကျကျအမြတ်ရဆိုတာ ဒါမှအစစ်။ Loss ဆိုလို့ Psychological Loss ပဲ ရှိမယ်။ ဒါပေမယ့် Investing အယူအဆနဲ့တွဲနိုင်မှ ရမယ်။ သူ့ချည်းပဲဆို ဗရမ်းဗတာ ဖြစ်နေဦးမှာပဲ။ အဲတော့ Coin-Margin Options လုပ်ချင်တယ်ဆိုရင် ဘယ် Assets တွေကို လုပ်လို့ရလဲဆိုတာကို အရင်လေ့လာရမှာ။ Project နဲ့ Future Potential ကောင်းတိုင်း ကိုယ်ကြိုက်တဲ့ Crypto လိုက်ဝယ်နေလို့ မရဘူး။
ကိုယ်မြင်နိုင်သလောက်ဆို BTC, ETH, SOL, XRP အခြားဟာတွေရှိသေးပေမယ့် Market Volume နည်းတယ်။ အဲတော့ အဲလို Option လုပ်လို့ရတဲ့ Coin တွေထဲက ကိုယ်နိုင်တဲ့၊ ဈေးတန်တဲ့ ကွိုင်တွေ ဝယ်စုတာမျိုး အရင်လုပ်ရမှာပေါ့။ ခုလက်ရှိတော့ ဘာမှ မဝယ်သင့်သေးဘူး။ ETH က Support ထောက်ပေမယ့် တက်ဖို့ အားမရှိဘူး။ BTC နဲ့ SOL က ဆင်းမယ်ဆို ဆင်းလို့ရသေးတယ်။ SOL ကို တော့ ပိုကြိုက်တယ်။ Invest လုပ်ထားတဲ့ Project လည်း များတယ်၊ ကျပြီးရင်လည်း ပြန်တက်တဲ့သမိုင်းကြောင်းရှိတယ်။ ဈေးကလည်း တန်တယ်။ ခုဈေးတော့ပြောတာ မဟုတ်ပါဘူး။ 25-30 ဝန်းကျင်ဆိုရင် တန်တယ်ပြောတာပါ။ XRP က တော့ ဆင်းနေရင်း အထက်မရောက် အောက်မရောက်နဲ့ လေထဲမှာ ဇော်ကန့်လန့်ဖြစ်နေတယ်။ ထားပါတော့။ ပြောရင်းနဲ့ Investing ဖက် ကျွံနေပြန်ပြီ 😅😅။
အဲလို Coin တစ်ခုခုဝယ်ပြီး Coin-Margin Options လုပ်တယ်ဆိုပါစို့။ အပေါ်မှာပြောခဲ့တဲ့ BTC Option ဥပမာအတိုင်းဆို BTC ဈေးက 64 K မှာ။ ကိုယ်က BTC 70 K Option Sell လိုက်ရင် 70 K အောက်မှာ စာချုပ်သက်တမ်းကုန်ရင် Premium ကြေးရတယ်၊ Cashflow။ 70 K အထက်မှာ စာချုပ်သက်တမ်းကုန်ရင် 70 K နဲ့ ကိုယ့် BTC ကို ရောင်းပေးလိုက်ရုံပဲ။ Premium ကြေးရလိုက်သလို Sell High ဖြစ်လို့ BTC ရဲ့ Capital Gain Profit တစ်ခုလည်း ရလိုက်တယ်။ 80 K ဖြစ်သွားလို့ ကိုယ့်ရောင်းဈေးထက်ပိုသွားတဲ့ 10 K profit ကိုတော့ မရတော့ဘူးပေါ့။ ဒါက မရလိုက်တာ၊ ရှုံးတာ မဟုတ်ဘူးလေ။ ဒါကြောင့်မို့ Psychological Loss တော့ ရှိနိုင်မယ်လို့။
Put Option Sell ရင်လည်း အတူတူပဲ။ BTC 60 K Put Option Sell တယ်ဆိုပါဆို့။ 60K အောက်ကျမသွားရင် Premium ကြေးရတယ်။ ကျသွားရင် 60 K နဲ့ BTC ဝယ်လိုက်တာဖြစ်လို့ Coin ရလိုက်တယ်။ Buy Low ဆိုတဲ့ Investing Rule နဲ့လည်း ညီတယ်။ Cash Profit ယူမလား၊ Premium ကြေးယူမလား၊ Coin ယူမလားဆိုတာကို လိုက်ရွေးရသလိုပဲ။ အဲ့အတိုင်း ဈေးတန်းတိုင်းမှာ လိုက်ကစားရုံပဲ။
ဒါပေမယ့် အဲလို စီပွားရေးဆန်ဆန် တိုက်ခန်းငှားသလိုမျိုး Option Trade ဖို့ဆိုရင် အမြဲ Sell ဖက်မှာပဲ နေရမယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ Option လုပ်ရခြင်းရည်ရွယ်ချက်က Premium ကြေးရဖို့ပဲ ဖြစ်ရမယ်။ ကျန်တာကတော့ သူ့ဟာသူ ရချင်သလို ရပါစေပေါ့။ ရည်ရွယ်ချက်က Cashflow ရဖို့ပဲ။ အခြေခိုင်ထားဖို့လိုတယ်။
ဒါမျိုးလုပ်နိုင်ဖို့ဆိုရင် Investing အကြောင်း အခြေခံသိရမယ်။ Market ကို Technical Analysis အကြမ်းဖျင်းလုပ်နိုင်ရမယ်။ Trending, Sideway, Support, Resistance, Pattern လောက်တော့ ဆွဲနိုင်ရမယ်၊ သိရမယ်။ Option Sell သမားကို ပိုက်ဆံပေးတာက Sideway Market လို့တောင် ပြောကြတယ်။ ဒါပေမယ့် Volatility ဈေးကွက်လှုပ်ခါမှုနည်းရင် စာချုပ်ဈေးကျတတ်တယ်။ သတင်းထွက်ချိန်၊ ဈေးကွက်က အဝယ်သမားတွေဖက်ကို ရွေ့ချိန်မှာ Volatility မြင့်ပြီး Contract ဈေးမြင့်လာတတ်တယ်။ အဲလိုအချိန်မျိုးမှာ ရောင်းနိုင်ရင် Premium ကြေးပိုရတယ်။ ငါလည်း ပြောရင်းပြောရင်းနဲ့ ဟိုချော် ဒီချော်နဲ့ 😁😁။
ပြောလက်စ စကားပြန်ဆက်ရရင် စီးပွားရေးအမြင်ရှိဖို့လည်း လိုတယ်။ ကိုယ်က ချေးငွေတွေကို ဘယ်လိုသုံးလို့ရလဲ၊ Cashflow ရအောင် ဘယ်လိုလုပ်လို့ရလဲ၊ အရှုံးမရှိတဲ့နည်းမရှိဘူးလား စသဖြင့်မေးခွန်းထုတ်တာ အဖြေရှာတာတွေ လုပ်တတ်ဖို့၊ သဘောပေါက်ဖို့၊ နားလည်ဖို့ လိုတယ်။ ချေးငွေနဲ့ ပတ်သက်ပြီး Elon Musk ဘယ်လိုလုပ်လဲ လိုက်ကြည့်လိုက်သေးတယ်။ သူ့ပိုင်ဆိုင်မှုရဲ့ ၅ ပုံ ၁ ပုံကို အပေါင်ထားပြီး ချေးငွေယူထားတယ်တဲ့။