ရခိုင်ပြည်နယ်မြောက်ပိုင်း လူဦးရေစာရင်းနှင့် ဖြစ်ရပ်မှန်များအား… — A Light For Justice — TG.ME

Content hiddenThis post may contain material not recommended for viewing.Show

ရခိုင်ပြည်နယ်မြောက်ပိုင်း လူဦးရေစာရင်းနှင့် ဖြစ်ရပ်မှန်များအား ဘင်္ဂလားဒေ့ရှ်သိစေရန်(၃)   ■ မြန်မာနိုင်ငံရဲ့ သမိုင်းမှတ်တမ်းတွေကို ပြန်ကြည့်မယ်ဆိုရင် 'ဘင်္ဂါလီ' ဆိုတဲ့ အသုံးအနှုန်းကို တရားဝင် သုံးစွဲခဲ့တာ အထင်အရှား တွေ့ရပါတယ်။ ဗြိတိသျှကိုလိုနီခေတ် ၁၂၄ နှစ်တာ ကာလပတ်လုံးမှာ ဒီအခေါ်အဝေါ်ကိုပဲ အစဉ်တစိုက် သုံးစွဲခဲ့တာပါ။ အထူးသဖြင့် ၁၈၈၁၊ ၁၉၂၁ နဲ့ ၁၉၃၁ ခုနှစ်တွေမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မှတ်တမ်းတွေမှာပါ 'ဘင်္ဂါလီ' ဆိုပြီးတော့ပဲ ဆက်လက် မှတ်တမ်းတင် သုံးစွဲခဲ့ကြပါတယ်။ - ■ ဒီနေရာမှာ 'ဘင်္ဂါလီ' လို့ သုံးနှုန်းလိုက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားလို့ တိုက်ရိုက်ဆိုလိုတာ မဟုတ်သလို၊ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံတည်းကိုပဲ ကန့်သတ်ရည်ညွှန်းတာလည်း မဟုတ်ပါဘူး။ သမိုင်းကြောင်းအရ ကြည့်ရင် ဟိန္ဒူဘင်္ဂါလီတွေ အပါအဝင် ဘင်္ဂါလီအသိုက်အဝန်းတွေဟာ အိန္ဒိယနိုင်ငံ၊ အထူးသဖြင့် အနောက်ဘင်္ဂလားပြည်နယ် (West Bengal) ဘက်မှာ ရှေးယခင်ကတည်းက အခြေချ နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ - ■ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းအထောက်အထား တစ်ခုကတော့ ၁၉၅၁ ခုနှစ်တုန်းက ဖြစ်ရပ်ပါ။ အဲဒီအချိန်က Arakani Muslims Conference ကနေ ထုတ်ပြန်ခဲ့တဲ့ အခြေခံဥပဒေဆိုင်ရာ တောင်းဆိုချက် (Charter of Constitutional Demands of the Arakani Muslims) နဲ့ စစ်တကောင်းဘင်္ဂါလီတွေက မြန်မာဗဟိုအစိုးရဆီ တင်သွင်းခဲ့တဲ့ 'အချက် ၁၆ ချက်ပါ တောင်းဆိုချက်' တွေမှာ သူတို့အခေါ် 'ရိုဟင်ဂျာ' ဆိုတဲ့ စကားလုံးကို လုံးဝ (လုံးဝ) သုံးစွဲခဲ့တာ မတွေ့ရပါဘူး။ သူတို့ရဲ့ အသိုက်အဝန်းကို ရည်ညွှန်းတဲ့အခါ 'ဘင်္ဂါလီ' ဆိုတဲ့ ဝေါဟာရကိုပဲ သုံးစွဲခဲ့ကြတာပါ။ - ■ တကယ်တော့ သူတို့အခေါ် 'ရိုဟင်ဂျာ' ဆိုတဲ့ စကားလုံးဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေလောက်ကျမှ တချို့သော ဘင်္ဂါလီမွတ်စလင် နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားအဖွဲ့အစည်းတွေက နိုင်ငံရေးရည်ရွယ်ချက်တစ်ခုနဲ့ အသစ်တီထွင်ပြီး စတင်သုံးစွဲလာခဲ့ကြတာသာ ဖြစ်ပါတယ်။ - ■ ဒီကနေ့ခေတ် ရန်ကုန်မြို့လယ်က 'ဘင်္ဂါလီ ဆွန်နီ ဂျာမေ (ဗဟို) ဗလီကြီး' လို သမိုင်းဝင် ဘာသာရေးအဆောက်အအုံတွေကို ကြည့်ရင်လည်း မြန်မာနိုင်ငံမှာ 'ဘင်္ဂါလီ' ဆိုတဲ့ အခေါ်အဝေါ်ကို ယခင်ကတည်းက အစဉ်အဆက် သတ်မှတ်သုံးစွဲခဲ့တယ်ဆိုတာကို ခိုင်ခိုင်မာမာ ပြသနေပါတယ်။ - ■ ဒါကြောင့် မြန်မာနိုင်ငံဘက်က 'ဘင်္ဂါလီ' လို့ သုံးနှုန်းနေခြင်းဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမှတ်သရုပ် ဒါမှမဟုတ် ဘာသာရေးအခြေအနေကို ထိခိုက်စော်ကားလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ခိုင်မာတဲ့ တရားဝင် သမိုင်းမှတ်တမ်း အထောက်အထားတွေအရသာ မှန်မှန်ကန်ကန် ရည်ညွှန်းခေါ်ဆိုခြင်းဖြစ်တယ်ဆိုတာကို ရှင်းလင်းစွာ နားလည်နိုင်ပါတယ်။ KT August 28

August 28, 2026 395 10