Content hiddenThis post may contain material not recommended for viewing.Show
မြန်မာကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ချက်များအား နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းအသီးသီးမှ အားပေးထောက်ခံခဲ့ကြ မြန်မာကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကျားဖြူပါတီ၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) စသည်ဖြင့် အဖွဲ့အစည်းအသီးသီးမှ ထောက်ခံအားပေးခဲ့ကြသည်။ ဂမ်ဘီယာနိုင်ငံငယ်မှ စွဲဆိုထားသော ICJ အမှုအခင်းသည် မြန်မာနိုင်ငံအတွက်ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်အောင် နိုင်ငံတကာအထင်အမြင် လွဲမှားအောင် ကြံစည်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ 🇲🇲 Myanmar 🇲🇲 - A Light For Justice